ep-15

309 39 4
                                    

ရှေ့အပိုင်းအဆက်>>>>
Flashback start,

Build Pov

လမ်းကိုမကြည့်ဘဲ ကူးမိတော့ ကားတစ်စီးနဲ့ရုတ်တရတ်ဝင်တိုက်မိသလိုဖြစ်သွားပင်မယ့် ဘရိတ်အမြန်အုပ်လိုက်တဲ့ ကားဆရာကိုတော့ ကျေးဇူးတင်နေမိတယ်။

"မသေချင်သေးဘူးလေ၊ မေမေကိုတယောက်ထဲထားခဲ့ရမှာစိတ်မချသေးတာမို့ ၊ အသက်ကယ်ပေးတဲ့ကားဆရာကို ထိုင်တောင်ကန်တော့ချင်မိတယ် " လို့တောင်တွေးမိလိုက်တယ်။

ကားပေါ်က ဆင်းလာတဲ့သူက အသားဖြူဖြူ၊ စတိုင်ခပ်မိုက်မိုက်နဲ့ မို့ တော်တော်လေးချောတယ်လို့ထင်မိတယ်၊ အဲ့မို့ မထဘဲ သူမျက်နှာကိုငေးနေမိတယ်။

ဒါမယ့် မျက်နှာလေးနဲ့ မလိုက် အပေါက်ဆိုးသလို၊ ငွေစကား‌ေတွဘဲပြောနေတာမို့ အမှတ်တွေက minus အောက်တဖြေးဖြေးကျသွားခဲ့တယ်။

"Buiက လူတယောက်ရဲ့ပုံပန်းသွင်ပြင်ထက် သူတို့ရဲ့စိတ်ဓာတ်နဲ့ အပြောအဆိုတွေကိုဘဲ ကြည့်တတ်တာမို့ ရုပ်ချောပင်မယ့်လဲ ဒီလိုလူက သူပေါင်းသင်းသင့်တဲ့သူမဟုတ်ဘူးဆိုတာ သဘောပေါက်မိတယ် "
ဒါမယ့် သူ့မျက်နှာကိုတော့ တသက်မေ့မယ်လို့တော့မထင်မိဘူး ကျေးဇူးရှင်လို့ သတ်မှတ်မိသွားတာမို့ပါ။

Poတို့က သူ့ကိုမှတ်မိလားလို့ပြောပင်မယ့် အဲ့လူကို ရန်ရှာမှာဆိုးလို့ မမှတ်မိဘူးလို့ လိမ်ပြောခဲ့ရတယ်။
ဘာလို့ဆို ငါ့သူငယ်ချင်းတွေရဲ့ဒေါသကိုသိတာမို့လေ။

ပန်းချီပြိုင်ပွဲနေ့မှာ သူနဲ့အမှတ်မထင်ပြန်ဆုံရတော့ ဝမ်းသာမိတယ်၊ sticker လေးကိုတော့ မကပ်ပေးသွားပင်မယ့် sticker ပေးသွားတယ်ဆိုကတည်းက buiရဲ့ပန်းချီကို ကြိုက်တယ်လို့ပြောလို့ရသလို အနုပညာကို ခံစားတတ်တဲ့သူဘဲလို့ ထင်မှတ်မိတာမို့ သူဘယ်သူလဲဆိုတာ ပိုသိချင်မိတယ်။

အန်ကယ် Sumettikul ရဲ့party ပွဲညမှာ သူနဲ့ထပ်ဆုံခဲ့မိတယ်၊ သူကတော့ buiကို မမှတ်မိဘူးထင်တယ်၊ ခြံအပြင်ဘက်မှာမို့ အနဲငယ်မှောင်နေပင်မယ့် သူ့မျက်နှာလေးကိုတော့ အသေအချာမှတ်မိနေတယ်။
ခါတိုင်းလို လူငယ်ဆန်ဆန်မဝတ်ထားပင်မယ့် suitအပြည့်ဝတ်ထားတဲ့ သူပုံစံက ယောကျာ်းပီသကာ ခန့်ညားနေတာတော့အမှန်ဘဲ

HopeWhere stories live. Discover now