Bible pov
မနေ့ညကnodtတို့နဲ့အရက်တွေမူးအောင်သောက်ပြီးအထိ မှတ်မိသေးတယ်၊အိမ်ကိုဘယ်လိုပြန်ရောက်လာလဲဆိုတာတော့မမှတ်မိဘူး
"ငါအဝတ်တွေကို ဟိုတယောက်လဲပေးထားတာလား"
"Bible နိုးလာပြီလား၊ အမူးပြေစွတ်ပြုတ်လေးလုပ်ပေးထားတယ်နော်၊ အလုပ်မသွားခင်စားလိုက်ဦး "
ငါ့ကိုပြောသာပြောနေတာ သူမျက်နှာကမလန်းသလိုဘဲ၊ ခါတိုင်းဆို ငါ့ကိုပြောရင်ပြုံးပြီးပြောတတ်ပင်မယ့် ဒီနေ့သူမျက်နှာက ခါတိုင်းထက်ညှိုးနေတာတော့ သတိထားမိတယ် ၊ မနေ့ညကငါဘာလုပ်မိလို့လဲ
"မနေ့ညက ကျွန်တော် ခင်ဗျားကို ဘာလုပ်မိသေးလဲ "
သူ့ပစ္စည်းတွေ အိတ်ထဲထည့်နေရင်း
"ဘာမှမလုပ်ပါဘူး၊ Bible မူးပြီးပြန်လာတာ၊ ပြီးတော့အိပ်ပျော်သွားတာမို့ အဝတ်အစားတော့ buiလဲပေးခဲ့တာ "
"aww "
ပြီးတာဘဲလေ၊ အားနာလို့တော့မဟုတ်ပါဘူး၊ မူးနေရင် ဘာတွေလုပ်ခဲ့လဲဆိုတာ မမှတ်မိလို့ မေးကြည့်ရုံသက်သက်ဘဲ
"Buiအလုပ်သွားတော့မယ်၊ မနေ့က Bible ကိစ္စတွေကို စပ်စုသလိုဖြစ်သွားရင် တောင်းပန်ပါတယ်၊ ဒီတိုင်းသိချင်ရုံသက်သက်ပါ၊ buiမှာ ဘာရည်ရွယ်ချက်မှမရှိသလို ၊ Bible ကိစ္စတွေကိုလဲ ဝင်ပါဖို့အစီအစဉ်မရှိပါဘူး၊ Bible စိတ်တိုင်းကျသာလုပ်ပါ ၊ buiဘာမှဝင်မပြောသလို၊ ဝင်ပြောဖို့လဲ အခွင့်မရှိပါဘူး "
ငါ့မျက်နှာကိုတည့်တည့်ကြည့်ကာ လေးလေးနက်နက်ပြောနေတဲ့သူက တခုခုကိုဆုံးဖြတ်ချက်ချထားသလိုမျိုး သူမျက်ဝန်းတွေကခက်ထန်နေတယ်၊ တချိန်တည်းမှာဘဲ ဝမ်းနည်းရိပ်တွေဖြတ်ပြေးသွားတာကိုလဲ မြင်လိုက်ရတယ်၊ ဒီတခါတော့ သူဟန်ဆောင်ပြောနေတာမဟုတ်မှန်း သိလိုက်ရတယ်၊ ဘာလို့လဲ ရုတ်တရက် ငါ့အပေါ်နားလည်ပေးနေတာလဲ
"ပြီးရောလေ၊ မနေ့ကကျွန်တော်လွန်တာရှိရင်လဲ sorry,ဒါမယ့် ကျုပ်ကိစ္စထဲနောက်ခါဝင်မရှုပ်နဲ့ အဲ့ဆို ခင်ဗျားကိစ္စလဲ ကျွန်တော်ဝင်မရှုပ်ဘူး "
******
Build Pov
"Khun buiနေမကောင်းဘူးလား ,မျက်နှာကဖြူဖက်နေတာဘဲ "

YOU ARE READING
Hope
Fanfictionအစွန်းတဖက်ဆီမှာ ရှိနေတဲ့ မင်း နဲ့ ငါ ကို ဘယ်အရာကဟန်ချက်ညီစေမှာလဲ ? ဒါကတော့ Biblebuild ရဲ့ fic နောက်တပုဒ်ပါ၊ plotကိုတော့ ဖတ်ရင်းနဲ့မှ သိစေချင်လို့ ဒီမှာဘာမှမရေးထားပါဘူးနော်။ ဒီplotလေးက ကိုအရေးချင်ဆုံးplotလေးမို့ ရေးကြည့်လိုက်တာပါ