ep-11

364 37 4
                                    

Build Pov

မနေ့က jeffနဲ့ company မှာစကားပြောနေရင်း မေ့လဲသွားခဲ့တယ်။

"Jeff ... "

ကုတင်ဘေးမှာအိပ်နေတဲ့သူကိုနိုးလိုက်တော့

"ဟင် buiသတိရလာပြီလား၊ ဘယ်နားနာသေးလဲ "

"Buiဘာမှမဖြစ်ပါဘူး၊ မစိုးရိမ်ပါနဲ့ "

"မစိုးရိမ်စေချင်ရင် ကိုယ့်ကိုကိုဂရုစိုက်လေ "

ရင်းနှီးနေတဲ့အသံလာရာကြည့်မိတော့

"Bible ကဒီကို "

"ဘာလဲ မလာရဘူးလား၊ သူစိမ်းလူတောင်လာလို့ရသေးတာဘဲ၊ ငါကျဘာလို့မရတာလဲ "

Jeffကိုမျက်ထောက်နီကြီးနဲ့ ကြည့်ရင်းပြောနေတော့

"ဘယ်သူက သူစိမ်းလဲ မင်းကသာ နာမည်ခံဘဲရှိပြီး လူကိုဒုက္ခပေးနေတာမဟုတ်ဘူးလား "

"ဒါငါတို့ကိစ္စပါ မင်းနေရာတကာဝင်မပါနဲ့ "

"Buiကိစ္စကငါ့ကိစ္စဘဲ သူဒုက္ခရောက်အောင်လုပ်တဲ့ဘယ်သူမဆို ခွင့်လွှတ်မှာမဟုတ်ဘူး "

"အဲ့လိုပြောဖို့ မင်းနဲ့သူမှာဘာပတ်သတ်မှုမှမရှိဘူးထင်တယ်၊ သူကငါ့အပိုင်ဘဲဆိုတာမမေ့နဲ့သူငယ်ချင်း "

"ဘယ်သူကမင်းသူငယ်ချင်းလဲ၊ မင်းနဲ့ငါ ဟိုနေ့ကတည်းကရေစက်ပြတ်နေပြီ Wichapas "

ခုမှ ငါကနိုးလာတာလေ ဒါကို သူတို့ရန်ဖြစ်တာကိုထိုင်ကြည့်နေရမှာလား အားး ခေါင်းတောင်ပိုကိုက်လာပြီ၊

"နှစ်ယောက်လုံး တော်တော့၊ ဆေးရုံမှာဘာလို့ရန်လာဖြစ်နေတာလဲ မရှက်ဘူးလား "

သူတို့ဘာကြောင့်ရန်ဖြစ်လဲတော့နားမလည်ဘူး၊ ဒါမယ့် နှစ်ယောက်လုံးကြောင့် ဒီဆေးရုံမှာတောင် ဆက်မနေချင်တော့ဘူး

"Jeff, buiအိမ်ပြန်ချင်တယ် "

"မရဘူးလေ၊ ဆရာဝန်ကဆေးရုံကမဆင်းခိုင်းသေးဘူး "

"ဒါမယ့်... "

"ဘာမှဆက်မပြောနဲ့၊ ဆရာဝန်ဆင်းခိုင်းမှဆင်း၊ ပြီးတော့ jeffမင်းပြန်တော့ "

"ဘာလို့ပြန်ရမှာလဲ မင်းသာပြန်၊ ငါကသူ့ကိုစောင့်ပေးမှာ "

"ဘာကိုစောင့်ပေးမှာလဲ၊ မနေ့ကမှအလုပ်တက်တာ အလုပ်တက်တဲ့နေ့မှာဘဲ ပျက်တယ်၊ အခုလဲဆက်ပျက်မလို့လား Jeff "

HopeWhere stories live. Discover now