ep-24💙🥳

375 39 7
                                    


Build Pov

Buiပေါင်ပေါ်အိပ်နေတဲ့bibleခေါင်းလေးကိုဖွဖွလေးပုပ်ပေးလိုက်တော့တယ်၊ တညလုံးမအိပ်ရသေးဘူးဆိုဘဲ ဟုတ်မယ် သူ့ကိုစတွေ့တုနိးက မျက်ကွင်းလေးတွေနဲနဲညိုနေတာသတိထားမိတယ်။

ငါ့ကိုချစ်မိသွားပြီဆိုတဲ့ Bible ကိုယုံကြည်သင့်လား?

ပြောင်းလဲလာတဲ့သူ့အမူအရာတွေ သဝန်တိုတာတွေကို အရင်ကတည်းကခံစားရပင်မယ့် စိတ်ထင်နေတာလို့ဘဲထင်ခဲ့တာ အခုလို သူ့ပါးစပ်ကထုတ်ပြောလာတော့ မယုံကြည်နိုင်ဘူး အိမ်မက်များမက်နေတာလား။ ဒါမယ့် အိမ်မက်ဆိုတောင် ပြန်မနိုးထချင်နေမိတာမို့ အခုလိုအခိုက်အတန့်ကိုကြည်နူးမိတယ်။

ငါ့ကိုချစ်တယ်ပြောတဲ့ဒီလူသားစကားကိုလဲ ယုံကြည်ချင်တယ်၊ ရင်ဘတ်ထဲ ကုလားဘုရားပွဲလှည့်သလို ဗြောင်းဆန်နေတာဘဲ၊ ဒါမယ့် အရမ်းလွယ်လွန်းတယ်ထင်မှာဆိုးလို့ ဟန်ဆောင်ကာမူပိုနေရပင်မယ့် ‌ပျော်နေမိတာကိုတော့ဝန်ခံပါတယ်။ ဒါမယ့် သူ့ကိုယုံကြည်ဖို့တော့ အချိန်ယူစဉ်းစားရမယ် ဘာလို့ဆို Angel ဆိုတဲအမည်နာမက ငါ့ကိုတခါတရံအသိစိတ်ဝင်စေတယ်၊ နှလုံးသားကိုအလိုမလိုက်ဖို့ သတိပေးနေတယ်။

10min ဆိုတဲ့အချိန်ထက်‌ေကျာ်လွန်သွားပင်မယ့် ငါ့ပေါင်‌ေပါ်အိပ်နေတဲ့လူသားလေးကိုတော့ မနှိုးရက်တာမို့ သူ့‌ကျောပြင်ကျယ်ကျယ်ကြီးကို buiလက်ကလေးနဲ့အသာလေးပုပ်ပေးကာ အိပ်စက်စေခဲ့တယ်။ ကျန်တဲ့အရာတွေမတွေးဘဲ အခုချိန်တော့ buiချစ်တဲ့bibleကို အိပ်ရေးဝစေချင်တဲ့ဆန္ဒဘဲရှိတာမို့ buiခြေထောက်တွေထုံကျင်နေတောင် သူ့ကိုနှိုးဖို့တွေးမိမှာမဟုတ်ဘူး။

******

Bible pov

Buiပေါင်လေးပေါ်ခနမှေးလိုက်တာ ဘယ်လိုအိပ်ပျော်သွားမှန်းမသိလိုက်သလို အချိန်ဘယ်လောက်ကြာသွားသလဲဆိုတာလဲမသိလိုက်။

"Bui.. " နှိုးလာတော့ ငါ့ကိုထိုင်ကြည့်နေတဲ့ buiကိုတွေ့လိုက်ရတာမို့ သူ့နာမည်လေးခေါ်ပြီး ဖက်ထားလိုက်တော့တယ်။

"အ... ခုကောဘာလို့ဖက်ပြန်တာလဲ ခွန်bible"

"ချစ်လို့ "

HopeWhere stories live. Discover now