ep-22

334 42 6
                                    

Build Pov

Bible ကကော ငါ့အပေါ်စိတ်ဝင်စားနေတာလား၊ ဒါမဟုတ် ကစားနေတာလား သူမှာချစ်သူရှိတယ်လေ ဒါနဲ့ဘာလို့ငါ့အပေါ် ဒီလိုဆက်ဆံရတာလဲ၊ ကားပေါ်ကအဖြစ်အပျက်ကော၊ ရုံးခန်းထဲကအဖြစ်အပျက်တွေကိုပြန်တွေးကာ စိတ်ရှုပ်လာပြီ

"ဟာ မသိတော့ဘူး "
စိတ်ရှုပ်ကာ အော်မိလိုက်တော့တယ်။

"Pဘာတွေမသိနေတာလဲ ကျွန်တော်ဝင်လာတာတောင်မသိတဲ့အထိဆို တကယ်ကိုမသိနေတာဘဲ ဟားး"

"Barcode မစနဲ့နော်၊ Pစိတ်ရှုပ်နေလို့ပါ "

"Khun Bible ကြောင့်မလို့လား "

"အင်း ဘယ်လိုသိတာလဲ "

"ခုနကတင် တရုံးလုံးဗြောင်းဆန်သွားတာလေ မသိရအောင် ငတုံးမှမဟုတ်တာ၊ ရုပ်ရှင်ဆန်တယ်နော် သုံးပွင့်ဆိုင်အချစ်လိုလို ဘာလိုလိုဆိုတော့ ဟိဟိ "

"ဘာသုံးပွင့်ဆိုင်လဲ မဟုတ်တာ jeffကဒီအတိုင်းသူငယ်ချင်းပါ "

"မဟုတ်ဘဲနဲ့၊ သူ့မျက်လုံးတွေကမရိုးသားပါဘူး၊ Pကမရိပ်မိလို့ပါ "

"မရိပ်မိတာမဟုတ်ပါဘူး၊ jeffကအထင်လွဲနေတာပါ တကယ်က သူလဲPကိုညီအကိုလိုချစ်တာ အဲ့တာကိုမသိဘဲ အချစ်လို့ထင်နေတာပါ သူတကယ်ချစ်တဲ့သူမပေါ်လာသေးလို့ပါ "

"ဟုတ်လား အဲ့ဆို အခွင့်အရေးရှိသေးတာပေါ့နော် "

"အမ်? ဘာကြီး "

"ဘာမှမ‌ဟုတ်တော့ဘူး၊ သွားတော့မယ် "

"အော် အေးအေး "

Barcode က ဒယ်ဒီညွှန်းပေးခဲ့တဲ့သူလေ ဒီကုမ္ပဏီမှာ ဒယ်ဒီခန့်ထားပေးဖို့ buiကိုတောင်းဆိုတဲ့သူလဲဖြစ်တဲ့အပြင် အရင်ကတည်းက buiနဲ့သင်တန်းအတူတူတက်တကည်းက ခင်ခဲ့တဲ့ညီလေးဆိုလဲမမှားဘူး၊ Putta Company မှာလာလုပ်ဖို့ခေါ်တုန်းကတောင်မလာတဲ့သူက ဒယ်ဒီကုမ္ပဏီကျဘာလို့လာလုပ်လဲမသိဘူး၊ ထားလိုက်ပါ ဒီကုမ္ပဏီကပိုနာမည်ကြီးလို့ဘဲနေမယ်။

*********

Third person Pov

Buiနဲ့ပတ်သတ်ပြီး Angelပြောမယ့်စကားကို သိချင်ပင်မယ့် ရင်တုန်နေတယ် buiနဲ့ပတ်သတ်ပြီးငါတောင်မသိတာ သူ့ကဘာတွေသိထားတာလဲ

HopeWhere stories live. Discover now