ရှေ့အပိုင်းအဆက်>>>
Bible Pov
Angel နဲ့ငါ relationship ကို ကြာတော့ အဆုံးသတ်ချင်လာပြီ၊ အဲ့အတွက် ငါ့ခံစားချက်တွေကို သေချာစမ်းစစ်ကြည့်ဖို့လိုတယ်ဆိုတာသဘောပေါက်လာတယ်။
"Bible တို့ထူးထူးခြားခြားပါလား , နေ့ခင်းကြီးသောက်ဖို့တောင်ခေါ်လို့ "
"ခေါင်းနဲနဲရှုပ်နေလို့ ခေါင်းများရှင်းမလားလို့နဲနဲေလာက်သောက်မယ်ဆိုပြိး ခေါ်လိုက်တာ "
"အမယ် မင်းဟိုနေ့ကတော့ မိုးလားကဲလား နောက်ဘယ်တော့မှ မူးအောင်မသောက်တော့ဘူးဆို "
ဟုတ်တယ်အဲ့ကောင်တွေသောက်ဖို့ခေါ်တိုင်း ငါပြောဖူးတယ် ၊ buiကိုနာကျင်အောင်လုပ်မိတဲ့အဲ့ည..ကအဖြစ်အပျက်တွေကိုတွေးတိုင်း ကိုယ့်ကိုကိုစိတ်ပျက်မိလို့ နောက်ထပ်အဲ့လိုမဖြစ်အောင် အရက်ကိုသောက်ဖို့ ခြေဦးတောင်မလှည့်မိဘူး၊ ဒါမယ့် စဉ်းစားရတာခေါင်းရှုပ်လို့ နဲနဲတော့သောက်မလားဆိုပြီး ကုမ္ပဏီကနေ ထွက်လာခဲ့တာ
"မင်းတို့ကလဲ အပျင်းပြေ နဲနဲပါးပါးသောက်မှာပါ "
.
.
"မင်းတို့ကို မေးစရာရှိတယ်၊ ငါ့ခေါင်းထဲမှာ လူနှစ်ယောက်ရှိတယ် သူတို့က ငါ့ကိုခေါင်းကိုက်အောင်တမျိုးပြီးတမျိုးလုပ်နေတာ အဲ့တာပျောက်အောင်ဘယ်လိုလုပ်ရမလဲ ""ပျောက်အောင်လုပ်ဖို့ေတာ့မသိဘူး၊ အရင်ဆုံးအဲ့လူနှစ်ယောက်နဲ့မင်းနဲ့ကဘယ်လိုပတ်သတ်လဲဆိုတာပြောမှ ငါတို့ကဖြေပေးလို့ရမှာပေါ့ "
"အခုတော့ပြောလို့မဖြစ်သေးဘူး၊ သေချာတာကတော့ သူတို့ကြောင့်ငါ့ေခါင်းေကာနှလုံးသားကောနာကျင်နေတယ်ဆိုတာဘဲ "
"နှစ်ယောက်လုံးကို နှလုံးသားထဲထည့်ထားရင်တော့ ဒီထက်ပိုနာကျင်ရမှာဘဲ တယောက်ဘဲ မင်းတကယ့်ချစ်တဲ့တယောက် အဲ့တယောက်ကိုဘဲ အာရုံစိုက်နိုင်ရင်တော့ အခုလိုခံစားရတာထက်တော့ သက်သာမယ်လို့ ထင်တာဘဲ ဘာမှန်းသေချာမသိပင်မယ့် သူတို့ရဲ့တန်ဖိုးကိုေသချာမသိဘဲ ငါးနှစ်ကောင်ဖမ်းဖို့တော့မကြိုးစားနဲ့ တော်ကြာ လွှတ်တဲ့ငါးကြီးနေမှ မင်းဒီထက်ပိုကြေကွဲရမယ်နော် သေချာစဉ်းစား မင်းဘယ်သူ့ဘက်ကိုအလေးသာနေတယ်ဆိုတာကို..."
YOU ARE READING
Hope
Fanfictionအစွန်းတဖက်ဆီမှာ ရှိနေတဲ့ မင်း နဲ့ ငါ ကို ဘယ်အရာကဟန်ချက်ညီစေမှာလဲ ? ဒါကတော့ Biblebuild ရဲ့ fic နောက်တပုဒ်ပါ၊ plotကိုတော့ ဖတ်ရင်းနဲ့မှ သိစေချင်လို့ ဒီမှာဘာမှမရေးထားပါဘူးနော်။ ဒီplotလေးက ကိုအရေးချင်ဆုံးplotလေးမို့ ရေးကြည့်လိုက်တာပါ