At home
Bible Pov
"Bui ဒါဘယ်လဲ? "
အပေါ်ထပ်က ငါတို့အခန်းကိုမသွားဘဲ ဧည့်သည်အခန်းထဲသွားဖို့လုပ်နေတဲ့သူကို လှမ်းေမးလိုက်တော့
"ဒိအခန်းမှာဒီညအိပ်မလို့လေ "
"ဘာလို့အဲ့အခန်းမှာအိပ်မှာလဲ ကိုတို့အခန်းမှာဘာလို့မအိပ်တာလဲ "
လေသံကို နဲနဲလျော့ကာမေးလိုက်တယ်၊ ဆေးရုံကဆင်းလာပင်မယ့် သူကလုံးဝသက်သာသေးတာမဟုတ်တော့ ဘာဘဲဖြစ်ဖြစ်လူနာမလား
"မေမေမှ အိမ်မှာမရှိတာ တခန်းထဲအတူတူအိပ်စရာမလိုသလို၊ဟန်ဆောင်စရာလဲမလိုဘူးလေ အဲ့မို့..."
သူပြောတာကို ဆုံးအောင်နားမထောင်တော့ဘဲ ပုခုံးပေါ်တင်ကာထိန်းပြီးသာ အပေါ်ထပ်ခေါ်လာခဲ့တော့တယ်။
"ဟာ! Bible အောက်ချပေးလို့ ပြောနေတယ်နော် "ငါ့ကျောကိုလဲပုပ်လိုက် ခြေထောက်တွေကလဲ တစက်မှအငြိမ်မနေဘဲ လှုပ်ယှမ်းနေတာမို့ လှေကားပေါ်ကနေ နှစ်ယောက်သားပြုတ်ကျလို့ကတော့ ကြည့်ကောင်းတော့မှာဘဲ
"ငြိမ်ငြိမ်နေ မနေရင်နမ်းမှာနော် " ဆိုပြီး သူ့တင်ပါးကိုရိုက်ကာပြောလိုက်တော့ ငြိမ်ကျသွားတယ်။ ကလေးလေးတွေပြောမရရင် တင်ပါးလေးရိုက်ပြီး ဆူလိုက်ရင် ငြိမ်သွားသလိုမျိုး buiလဲ အခုအဲ့လိုဘဲ ဆူလိုက်လို့ငြိမ်သွားတာလား နမ်းမှာကြောက်လို့ ငြိမ်သွားတာလားတော့မသိဘူး။
ထို့နောက်ကုတင်ေပါ်အသာလေးတင်ပေးလိုက်တော့တယ်၊ သူ့ခါးကလုံးဝသက်သာသေးတာမဟုတ်တော့ ခုနကသယ်ရင်တောင် သူနာသွားမလားစိုးရိမ်မိသေးပင်မယ့် စိတ်တိုနေတဲ့အရှိန်နဲ့မို့ အရမ်းမနူးညံ့မိလိုက်ဘူး၊
"နှုတ်ခမ်းကြီးက ဘာလို့ဆူနေတာလဲ "
ဆိုပြီး သူ့ပါးလေးနှစ်ဖက်ကိုဆွဲကာ မေးလိုက်မိတော့
"Bibleဘာလို့ buiအသားကိုဘဲနာအောင်လုပ်နေတာလဲ " ဆိုပြီး အသံစွာစွာနဲ့ပြန်အော်ပါလေရော အမြဲလူကြီးလေးတယောက်လိုဟန်ဆောင်နေပင်မယ့် တကယ့်တော့ကလေးပေါက်စလေးဖြစ်နေတာဘဲ။

YOU ARE READING
Hope
Фанфикအစွန်းတဖက်ဆီမှာ ရှိနေတဲ့ မင်း နဲ့ ငါ ကို ဘယ်အရာကဟန်ချက်ညီစေမှာလဲ ? ဒါကတော့ Biblebuild ရဲ့ fic နောက်တပုဒ်ပါ၊ plotကိုတော့ ဖတ်ရင်းနဲ့မှ သိစေချင်လို့ ဒီမှာဘာမှမရေးထားပါဘူးနော်။ ဒီplotလေးက ကိုအရေးချင်ဆုံးplotလေးမို့ ရေးကြည့်လိုက်တာပါ