Ep-9🥳🥳

345 35 4
                                    

Bible pov

"Hello daddyကျန်းမာရေးကောင်းရဲ့လား၊ ကျွန်တော်ကိုဖုန်းဆက်တာပြောစရာရှိလို့လား "

"အေးပြောစရာရှိတယ်ပြီးတော့ မင်းကငါ့သားဘဲ ငါကဖုန်းလေးတောင်မဆက်ရဘူးလား "

"မဟုတ်ပါဘူး။ခါတိုင်း ဟိုတယောက်ဆီဘဲဆက်နေတော့ သားချင်းများမှားနေပြီလားတောင်ထင်နေတာ "

"Bible မင်းတော့လေ ဘယ်တော့မှ သားbuiကိုကောင်းကောင်းမွန်မွန်ဆက်ဆံမှာလဲ ဟမ် "

"သူကဘာတွေပြောထားလို့လဲ၊ ကျွန်တော်လဲ ဒယ်ဒီတို့စိတ်တိုင်းကျ အကုန်‌လုပ်ပေးထားတာဘဲ၊ ခုဘာတွေထပ်လုပ်ပေးစေချင်နေတာလဲ "

"တော်ပြီ၊ မင်းကိုငါပြောမယ် မင်းဝါသနာပါတာလုပ်ချင်တယ်မလား အေးအခုလုပ်လို့ရပြီ ငါခွင့်ပြုတယ် "

"ဗျာ ဒယ်ဒီတကယ်ပြောတာနော်၊ ဒါမယ့် ကုမ္ပဏီကဘယ်လိုလုပ်မလဲ "

"သားbuiကိုအကုန်လွှဲပြီးပြီ၊ အဲ့အတွက်ဘာမှမပူနဲ့ "

ဒယ်ဒီဘာလို့အခုမှစိတ်ပြောင်းသွားတာလဲ၊ ဘာဘဲဖြစ်ဖြစ် ငါ့ဝါသနာပါတာလုပ်ရပြီ ဟိုတယောက်နဲ့လဲ ကုမ္ပဏီမှာပါတွေ့စရာမလိုတော့ဘူး။ငါ့အိမ်မက်တွေအကောင်အထည်ဖော်လို့ရပြီ...

******

2လခန့်ကြာသော်

Bible ကတော့ engineerအနေနဲ့ ကုမ္ပဏီတခုမှာအလုပ်ဝင်နေတယ်၊ buiကတော့ Bible တို့ကုမ္ပဏီကိုဘဲ ဦးစီးပြီး Putta Company ကိုတော့ Ptong ကိုလွဲပေးခဲ့တယ်။အခု buiအမေကတော့ buiတို့နဲ့အတူနေဖို့ ဖြစ်လာခဲ့တယ်

"Bible ခနဝင်ခဲ့မယ်နော် "

"ဘာကိစ္စလဲ၊ ကိစ္စမရှိဘဲ မလာနဲ့လို့ပြောတာမှတ်မထားဘူးလား ဂျကာပန် "

"ဟိုလေ နက်ဖြန်ကစ အမေကbuiတို့နဲ့လာနေမလို့လေ အဲ့တာ "

"နေပါ့လား သူ့ဘာသာနေတာ ဘာလို့ကျွန်တော်ကိုလာမေးနေလဲ၊ ဒီအိမ်မှာ ကျွန်တော်ကအာဏာရှိတာမှမဟုတ်ဘဲ၊ ခင်ဗျားဘဲအကုန်လုံးကိုချယ်လှယ်နေတာမဟုတ်လား ၊ခုမှကျွန်တော့်သဘောထားကိုဘာလို့လာမေးနေလဲ "

"ဟိုလေ အမေကို buiတို့ဆက်ဆံရေးအဆင်ပြေတယ်လို့ဘဲသိထားတာ၊ အဲ့ဒါအခန်းခွဲနေရင် အမေစိတ်မကောင်းဖြစ်သွားမှာဆိုးလို့ "

HopeWhere stories live. Discover now