ep-29

402 30 10
                                    

Bible pov

ဖုန်းပြောပြီးအိမ်ရှေ့ထွက်သွားတဲ့ buiကြောင့်နောက်ကနေလိုက်ကြည့်မိတယ်၊ သူ့ကိုခုချိန်အရိပ်တကြည့်ကြည့်လိုက်ကြည့်နေဖို့လိုတယ်။ ခုနက ဧည့်ခန်းမှာ ငါ့ကိုမြင်တာတောင် နှုတ်ဆက်စကားတခွန်းမဆိုဘဲ၊မမြင်သလို လစ်လျူရှုတဲ့ပုံကို မြင်ရတာနာကျင်ပင်မယ့် ငါကအဲ့ဒါနဲ့ဘဲထိုက်တန်တာမို့ သူ့ကိုအပြစ်မတင်ရက်ပါဘူး...

ခြံရှေ့မှာ လူတယောက်နဲ့စကားပြောနေတဲ့ buiကြောင့် သူတို့အနီးနားကိုသွားချင်ပင်မယ့် buiစိတ်ခုသွားမှာဆိုးလို့ ခမ်လှမ်းလှမ်းကနေဘဲ ကြည့်နေလိုက်တယ်။

ဘာတွေများပြောနေလို့ ရယ်မောနေကြတာပါလိမ့်၊ ခုနကညိုးငယ်နေတဲ့မျက်နှာလေးက နဲနဲရွှင်ပြလာလို့ပျော်ချင်ပင်မယ့် သူ့အပြုံးကိုအသက်ဝင်စေတာက ငါမဟုတ်တဲ့ တခြားသူဖြစ်နေတာကိုတော့ သိပ်သဘောမကျဘူး။

အိမ်ရှေ့ကို လျှောက်လာတဲ့သူတို့ကြောင့် အိမ်ထဲမြန်မြန်ဝင်ကာ ဧည့်ခန်းမှာဘဲ ဟန်မပျက်ပြန်ထိုင်နေလိုက်တော့တယ်။

"အဲ့လောက်ထိမလိုပါဘူး ၊buiတကယ်အဆင်ပြေပါတယ်ဆို "

"မဟုတ်တာရောက်လက်စနဲ့ တခါတည်းစမ်းသပ်သွားရမှာပေါ့ "

စကားတပြောပြောနဲ့ ဝင်လာတဲ့သူတို့နှစ်ယောက်ကတော့ ငါ့ဖြစ်တည်မှုကို ခုထိသတိမထားမိသေး။

"အဟမ်းးး " ဆိုပြီး ချောင်းဟန့်လိုက်တော့မှ ငါ့ဘက်ကိုလှည့်လာတော့တယ်။

"အော်။ Khun Bible ပါအိမ်မှာရှိနေတာလား "

အော်ဘယ်သူပါလိမ့်လို့ ဟိုဆရာဝန်ကိုး ဒီချိန်သူက buiဆီဘာလာလုပ်တာလဲ၊ စိတ်ရှုပ်ရတဲ့အထဲမျက်ကြောမတည့်သူနဲ့ပါထပ်‌ေတွ့နေရသေးတယ်။

"ဟုတ်တယ်၊ ဒါနဲ့ခွန်က အိမ်ကိုဘာလာလုပ်တာလဲ " ငါမေးလိုက်တော့

"အော် bui နေ.. ". . .

"လာ Doctor Jay, buiအခန်းကအပေါ်ထပ်မှာ၊ လုပ်စရာရှိတာသွားလုပ်ရအောင်လေ "

ဟိုဆရာဝန်စကားမဆုံးသေးခင် buiကဖြတ်ပြောလိုက်တယ်၊ ဘာတဲ့ ဘာတွေများလုပ်မှာမို့ အခန်းထဲထိခေါ်ဖို့လိုတာလဲ၊ ငါကိုတချက်မကြည့်ဘဲ အဲ့စကားလုံး‌ေတွကို ငါရှေ့မှာ ဘယ်လိုမှမနေဘဲပြောနိုင်တဲ့သူနဲ့ မနေ့ညက တညလုံးငိုနေတဲ့သူက တယောက်တည်းဆိုတာ မယုံနိုင်သေးဘူး။

HopeWhere stories live. Discover now