Part - 4

1.6K 115 1
                                    

Part - 4

" ဒီနှစ်ယောက်ကဒီလိုပဲ Dr. စိတ်ထဲမထားပါနဲ့နော် ဒီကလေးနှစ်ယောက်က ဒီလိုအမြဲဖြစ်နေကျ "

" ရပါတယ် မကြီးရဲ့ ဘာမှမဖြစ်ပါဘူး "

" အော် အသီးလေးတွေသွားယူလိုက်ဦးမယ် "

ဒေါ်ထိပ်ထားစံသည်ပြောပြောဆိုဆိုနဲ့ထသွားကာအသီးပန်းကန်
တွေနဲ့ပြန်သယ်လာခဲ့သည်

" စားပါဦး Dr.အသီးချိုချိုလေးတွေ "

" ဟုတ်ကဲ့ပါ မကြီး အားနာစရာတွေဖြစ်ကုန်ပါပြီ "

" အားနာရမှာမယ်မယ်မဟုတ်ပါဘူး ဒီမှာကြည့်ပါ အသီးခွာတာ
လက်ပါရှတယ် "

မောက်ဝိုင်ဝမ်းရဲ့ Dr.အပေါ်ရင်းနှီးသလိုအပြုအမူစကားတွေကြောင့်
အားလုံးကသူမကိုဝိုင်းကြည့်နေကြတော့သည်

" မီးငယ် Dr.ကိုဘယ်လိုတွေပြောနေတာလဲ "

" ကလေးကိုမပြောပါနဲ့ မကြီး ကလေးပြောတာလည်း
ဟုတ်နေတာပါပဲ "

" တကယ်ပါပဲ ဒီကလေးမကတော့ "

ဝမ်းတစ်တစ်ယောက်ကတော့အကျေနပ်ကြီးပြုံးနေမိသည်
မောက်ဝိုင်ဝမ်းတစ်ယောက်လည်း သူ့ကိုသူဘာပြောလို့ပြောမိမှန်း
လုပ်မိလုပ်မှန်းမသိတော့ပါ သေချာတာတခုကတော့ Dr.ကို
သူမအတွက်က စစမြင်တွေ့ရသည်ဆိုပေမယ့် သူစိမ်းလို့
မခံစားစေဘဲ စိတ်သက်တောင့်သက်သာဖြစ်စေပြီး နွေးထွေးပျော်
ရွှင်စေတာအမှန်ပါပဲ

" Dr.ရယ် အသက်ကဖြင့် 22 နှစ်ရှိနေပြီခုထိကလေးလုပ်လို့
ကောင်းတုန်းပါပဲ "

" ကျွန်မတုန်းကလည်းဒီလိုပါပဲ "

" ကျွန်မလည်း မီးငယ်ကို Dr.လို ဆရာဝန်ဖြစ်စေချင်ခဲ့တာ သိလား
ဒါပေမယ့်အပေအတေလေးကတော့ကြိုးစားရကောင်းမှန်းမသိခဲ့ဘူး
ဆယ်တန်းကိုလည်း အောင်ရုံလေးနဲ့ပါပဲ Dr.ရယ် "

" မယ်မယ်ရေ လာသမျှလူတိုင်းကိုပြောပြနေတော့တာပဲ
သမီးကောင်းကြောင်းတွေလည်းနဲနဲပါးပါးပြောပြလို့ရပါတယ် "

" ကောင်းကြောင်းကဘာများလဲ "

" မယ်မယ်ကလည်း "

" ဒါမယ့်လည်း လိမ္မာရေးခြားတော့ရှိရှာပါတယ် "

ဒေါ်ထိပ်ထားစံသည်သမီးဖြစ်သူခေါင်းကို သာသာလေးပုတ်ရင်းနဲ့
ပြောလေသည်

အချစ်ရှိရာဤမောရှမ်းမြေ ( Completed )Where stories live. Discover now