Part - 2

1.7K 130 0
                                    

Part - 2

ဒေါ်ထိပ်ထားစံသည် မျက်မှန်အောက်မှမျက်လုံးလေးပင့်ကာ
ဦးလောဝ်ဆိုင်ကို စိုက်ကြည့်နေလိုက်သည်

" ကြောက်ပါပြီဗျာ "

ထိုအခါအားလုံးမှသဘောကျစွာဝိုင်းရီကြတော့သည်

" အော် ဒါနဲ့ဒီည ကို Dr.ကိုထမင်းစားဖိတ်ထားတယ် "

" အာ ဟုတ်လား အင်း အဲ့ဆို မခင်နဲ့မိအေးနဲ့ကကျွန်မကို
ဟင်းချက်ကူ Ying နဲ့ Tip ကမယ်မယ့်ကိုစျေးမှာ အသီးတွေ
သွားဝယ်ပြီးတော့လာခွာပေးထား "

" ဟုတ်ကဲ့ပါ မေကြီး "

ဝမ်းတစ်တစ်ယောက်ကတော့ Dr.မျက်နှာကိုမြင်တွေ့ရတော့မလို့
မျက်နှာရွှေရသလိုပြုံးဖီးနေပြီး မောက်ဝိုင်ဝမ်းကတော့ စိတ်ပျက်
လက်ပျက်နဲ့ဖြစ်နေသည်

" ဟဲ့ Ying နင့်မျက်နှာကြီးကလဲဟယ် ကြည့်မကောင်းရှုမကောင်း
လိုက္တာ "

" ဒီနေ့မှတွေ့ရတာကို ဒီနေ့ထမင်းစားဖိတ်တယ်တဲ့ တကယ်ပါပဲ
ရောက်လာသမျှလူတိုင်းကို ထမင်းစားဖိတ်ဖို့ပဲ ဒါလည်းအရှုပ်တစ်ခုပဲသိလာ Tip "

" Ying နင်က လူမှုရေးတော်တော်ခေါင်းပါးတာပဲသိလား "

ဝမ်းတစ်သည်ပြောပြောဆိုဆိုနဲ့ဆိုင်ကယ်ဦးထုပ်ကောက်ဆောင်း
ကာဆိုင်ကယ်ပေါ်တက်လိုက်သည် ဆိုင်ကယ်ပေါ်မတက်သေးဘဲ
နှုတ်ခမ်းထော်ထော်ကြီးနဲ့ရပ်နေတဲ့မောက်ဝိုင်ဝမ်းကို

" ဟဲ့ တက်လေ မြန်မြန် "ဆိုပြီး အော်လိုက်သည်

စျေးရှေ့ဆိုင်ကယ်စတန်းဆီဆိုင်ကယ်အပ်ပြီး နှစ်ယောက်သား
လက်ချင်းချိတ်ပြီးစျေးထဲဝင်သွားကြသည်

" ဆရာမကြီးသမီးတွေပါလား မင်္ဂလာပါ သမီးတို့ရေ "

" ဟုတ်ကဲ့ မင်္ဂလာပါရှင့် "

" ဘာတွေလာဝယ်ကြတာလဲ သမီးတို့ "

" အသီးလေးနဲနဲလာဝယ်တာပါ အန်တီ "

" ခနလေးနော် သမီး ရော့ ဒီမှာ မှုန်ညှင်းဖြူနဲ့ဖရုံသီးလတ်လတ်ဆတ်ဆတ်လေး မနေ့ညကမှ
ခြံခူးလာခဲ့တာ အိမ်ကိုထည့်ပေးချင်လို့ "

" အာ မဟုတ်တာ အန်တီ ရပါပြီ "

" ရပြီမလုပ်ပါနဲ့ အန်တီကဆရာမကြီးအတွက်ထည့်ပေးချင်တာ
ဆရာမကြီးက ဖရုံသီးအရမ်းကြိုက်တာ "

အချစ်ရှိရာဤမောရှမ်းမြေ ( Completed )Où les histoires vivent. Découvrez maintenant