Part - 31

3.8K 164 4
                                    

Part - 31

" ဒေါက်တာ "

" ရှင် "

" ကိုယ်ပိုင်ဆေးခန်းလေးဖွင့်မလား "

" သမီးအဲ့လိုလုပ်စေချင်လား "

" အွန်း "

" ဖွင့်ကြမယ်လေ "

" အဲ့ဆိုရင်ဒေါက်တာနဲ့Ying နဲ့ဘယ်မှခွဲသွားစရာမလိုတော့ဘူး "

" Ying "

ဒေါက်တာမြကြာဖြူသည်မောက်ဝိုင်ဝမ်းမျက်နှာလေးကိုကိုင်ပြီးမျက်လုံးစေ့စေ့ကြည့်ကာပြုံးနေခဲ့သည်။

" ဒေါက်တာ့ကိုဘာလို့အဲ့လောက်ထိတောင်ချစ်ရတာလဲ "

" ဒေါက်တာဖြစ်နေလို့ချစ်တာ ဒေါက်တာ့ကိုအများကြီးချစ်တယ် ဒေါက်တာက Ying အတွက်ပထမဆုံးအချစ်နဲ့နောက်ဆုံးအချစ်ပါပဲ ဒီရှေ့မှာဘယ်သူ့ကိုမှလည်းရင်မခုန်ခဲ့ဖူးသလိုနောက်လည်းရှိလာမယ်မထင်ဘူး "

" ကျေးဇူးပါကွယ် ကလေးရေ ဒေါက်တာ့ဘဝထဲကိုဝင်လာပေးခဲ့လို့ "

" ဒေါက်တာ "

" ရှင် "

" ဒေါက်တာ့ကိုစစတွေ့တဲ့နေ့တုန်းကလေ ခုထိမျက်လုံးထဲမြင်နေတုန်း ရင်တွေလည်းခုန်တုန်း ဒေါက်တာကသိပ်လှတာပဲ "

" အဲ့လိုပေါ့ "

" အွန်း ရင်တွေခုန်လွန်းလို့ကိုဒေါက်တာရိပ်မိမှာဆိုးလို့ကားပေါ်မှာသီချင်းသံအကျယ်ကြီးဖွင့်တာကိုရောပဲ ဒေါက်တာမှတ်မိသေးလား "

" မှတ်မိပါ့ အဲ့တုန်းကတကယ့်ကလေးလေးပါ ခုတော့လူကြီးဆန်နေပုံများ "

" သိပ်ချစ်ရတဲ့အမျိုးသမီးလေးကြောင့်လေ "

" ဟွင်း ကျွန်မနဲ့ဘာဆိုင်လို့ "

" ဒေါက်တာ့ကိုကာကွယ်ဖို့ နွေးထွေးမှုတွေပျော်ရွှင်မှုတွေအကုန်လုံးပါပဲဒေါက်တာ ဒေါက်တာ့အတွက်အရာရာဖြစ်ချင်တာ ဒေါက်တာပင်ပန်းလာတဲ့ချိန်မှာ မှီစရာပုခုံးလေးအဖြစ်အသင့်ရှိနေချင်တယ် အခန့်မသင့်လို့ဒေါသထွက်လာရင်လည်းကလေးတစ်ယောက်လိုဒေါက်တာ့ဆီဆူခံဖို့အသင့်ပဲ မိုးရာသီမှာဆိုထီးလေးတစ်ချောင်းဖြစ်ပေးမယ်ဆောင်းရောက်ရင်လည်းအနွေးထည်လေးဖြစ်ပေးချင်တယ် အများကြီးချစ်တယ်ဆိုတာထက်ကိုပိုပါတယ် ဒေါက်တာ "

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Jan 26, 2023 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

အချစ်ရှိရာဤမောရှမ်းမြေ ( Completed )Dove le storie prendono vita. Scoprilo ora