Part - 26

1.3K 82 0
                                    

Part - 26

နှစ်ယောက်လုံးကြည်နူးစွာနဲ့ခရီးဆက်ခဲ့ကြလေသည်။နှစ်နာရီမောင်းပြီးအကြာမှာတော့လားရှိုးမြို့ကြီးကိုရောက်ခဲ့ပါပြီ။

" Dr.ဘာစားချင်လဲ "

" ကောင်းတဲ့ဆိုင်ခေါ်သွားပါ ဘာဖြစ်ဖြစ်ရပါတယ် "

" ဟုတ် အဲ့ဆို Ying သွားနေကျဆိုင်ပဲခေါ်သွားတော့မယ်နော် "

" အင်း "

မောက်ဝိုင်ဝမ်းလည်းယိုးဒယားအစားအသောက်ဆိုင်တစ်ဆိုင်သို့ခေါ်သွားလေသည်။အပေါ်ထပ် coat တွေချွတ်လိုက် ကြကာဆိုင်ထဲသို့ဝင်သွားကြလေသည်။

" ဘာစားကြမှာလဲရှင့် "

ဆိုင်အကူကောင်မလေးတစ်ယောက်က
note pad လေးကိုင်ပြီးလာမေးလေသည်။

" ဆိတ်သားထမင်းကြော်ချဥ်စပ် ၁ ပွဲ
ဆိတ်သားမွကြော်တစ်ပွဲ ပလာတူးတစ်ပွဲ
ကြက်ဥပေါင်းတစ်ပွဲ "

" ဟုတ် "

" Dr.ရော "

" အွန်း သမီးလိုပဲ ဆိတ်သားထမင်းကြော် "

" ဟုတ်ကဲ့ပါ ဖျော်ရည်ရောရှင့် "

" green tea 2 ခွက် "

" ဟုတ် "

" Dr. green tea ကြိုက်တယ်ဆိုတာဘယ်လို
သိလဲ "

" သိတာပေါ့ ကိုယ့်ဇနီးဖြစ်လာမယ့်သူပဲကို
အကုန်သိအောင်လုပ်ထားတာ "

" အမယ် ဘယ်သူကရှင့်ဇနီးလုပ်မယ်လို့ပြော
လို့လဲ "

" အင်း ကောင်းကောင်းလက်သင့်မခံရင်တော့
လည်းဒီညကြံယူရတာပေါ့ "

" Ying ဘာတွေလျှောက်ပြောနေတာလဲ "

ဆိုပြီး ရှက်သွေးလေးဖြာလျက် မောက်ဝိုင်ဝမ်းကိုညို့အားပြင်းလွန်းတဲ့အကြည့်နဲ့ကြည့်
ကာနေလေသည်။

" Dr.ကိုဘယ်လိုထပ်ပြီးချစ်ခွင့်ပန်ရမလဲနောက်ထပ်အကြံတွေထုတ်မယ်လို့ပြောတာ
ပါ ဘာတွေလျှောက်ထင်နေမှန်းမသိ "

" ဟွင်း အစကတည်းကအဲ့လိုရှင်းရှင်းပြော
ပါလားတော် "

နှုတ်ခမ်းလေးဆူကာ ကလေးတစ်ယောက်ပမာချွှဲပစ်ခါနေအောင်ပြန်ပြောလေသည်။

အချစ်ရှိရာဤမောရှမ်းမြေ ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin