Part - 18

1.2K 91 1
                                    

Part - 18

" ငါတကယ်ပြောနေတာ Ying ခုတလောအိပ်မက်တွေလည်း
မကောင်းဘူး အိပ်မက်ထဲမှာ ဖေဖေနဲ့မေမေကငါ့ကို
လာလာခေါ်နေတယ် ငါကြားဖူးတာတော့ အဲ့လိုသေလူတွေ
ကငါတို့ကိုလာခေါ်တယ်လို့အိပ်မက်မက်ရင်ငါတို့လည်းမကြာခင်
သေနိုင်တယ်လို့ပြောတယ် ငါမသေချင်သေးဘူးဟ နွယ်နဲ့
ပျော်ပျော်ရွှင်ရွှင်နေချင်သေးတယ် "

" နင်ဘာတွေလျှောက်ပြောနေတာလဲ နမိတ်မရှိနမာမရှိ
ခု 21 ရာစုရောက်နေပြီ မဟုတ်တဲ့ဟာတွေလျှောက်ယုံနေတယ် "

မောက်ဝိုင်ဝမ်းသည်ဝမ်းတစ်စိတ်မကောင်းဖြစ်နေမှာကိုမမြင်
ရက်လို့စိတ်ရှိလက်ရှိပြောလိုက်သည်။တကယ်တမ်းဝမ်းတစ်စကား
တွေကလည်းအမှန်ပင်ဖြစ်နေသည်။

" ငါကြောက်လို့ပါဟာ Ying "

" နင်ဘာမှကြောက်မနေနဲ့ ခုဆေးထိုးဆေးစားနေတာပဲ
နင်ဘာမှမဖြစ်တော့ဘူး ငါ့ကိုယုံ ကင်ဆာဘာတွေအမယ်လေ
တွေးမနေနဲ့ ဟုတ်ပြီလာ အေ ဒါမယ့်တစ်ခုတော့ရှိတယ်နော်
နင်ဒီနေ့ကစပြီး ဒီဆေးရည်လေးပဲစိမ်သောက် ကော်ဖီဘာညာ
သောက်မနေနဲ့တော့ အရက်ဆိုရင်ဝေးဝေးကရှောင်ရမှာနော်
နင်ကြောက်တယ်မဟုတ်လား "

" အင်းပါ နင်လည်းငါ့ကိုကတိပေး ငါ့အခြေအနေတွေအားလုံးကို
ပွင့်ပွင့်လင်းလင်းပြောပြရမယ် "

မောက်ဝိုင်ဝမ်းသည်ခနငြိမ်ပြီးသွားကာမှ

" အေပါဟယ် နင့်ကိုငါကဘယ်တုန်းကဘာတွေလျို့ဝှက်ထား
ဖူးလဲ "

" ပြီးတာပဲ "

မကြာခင်မှာသူငယ်ချင်းဖြစ်သူကိုတကယ်ပဲဆုံးရှုံးရတော့မှာလား
ဆိုတဲ့အတွေးကတော့ရင်ကိုဓားနဲ့တဆတ်ဆတ်မွှန်းနေသလိုပါပဲ။

" Ying ငါသာနင့်နေရာမှာဆို Dr.ကိုအပိုင်ရအောင်ယူမိမှာ
နင်ဘာလို့တွန့်ဆုတ်နေတာလဲ Dr.ကိုယ်တိုင်ကလည်း
မိန်းကလေးချင်းစိတ်ဝင်စားနေတယ် ပြီးတော့တစ်ကိုယ်တည်း
လွတ်လွတ်လပ်လပ် Dr.လည်းပဲနင့်အပေါ်ခံစားချက်တွေ
ရှိရင်ရှိနေမှာ နင်ကြိုးစားကြည့်ဖို့စိတ်ကူးမရှိဘူးလား "

မောက်ဝိုင်ဝမ်းသည်ခေါင်းအသာလေးခါပြီး

" ရှိရင်ရှိနေမှာလို့ပြောတာမလား ရှိနေတယ်လို့မှမဟုတ်ဘဲ
ငါနင့်ကိုပြောပြီးပါပြီ Dr.ကိုအကောင်းဆုံးတွေပေးနိုင်သမျှ
ပဲပေးနေမှာ ရယူပိုင်ဆိုင်ထားဖို့ငါဘယ်တော့မှကြိုးစားမှာ
မဟုတ်ဘူး ဒါပေမယ့် Dr.ဘက်ကသာအရင်စခဲ့မယ်ဆိုရင်တော့
ငါဘာမှစဉ်းစားမနေဘဲလက်ခံမှာ ဒီလောက်ပဲ "

အချစ်ရှိရာဤမောရှမ်းမြေ ( Completed )Dove le storie prendono vita. Scoprilo ora