Part - 10

1.3K 96 0
                                    

Part - 10

လွန်ခဲ့တဲ့ 6 နှစ်ကျော်ကဆိုးဆိုးရွားရွားအရာတစ်ခုက
ခုထိအရိပ်လိုအနောက်ကိုတကောက်ကောက်လိုက်ပါလာပြီး
ခြောက်လန့်နေတုန်းပဲ…

လွန်ခဲ့သော 6 နှစ်ကျော် …

10 တန်းစာမေးပွဲနောက်ဆုံးနေ့

" မီးငယ် ဒီနေ့ဖြေနိုင်လား "

" အောင်မှတ်တော့ရပါတယ် မယ်မယ် "

" ဒီကလေး "

" မယ်မယ် ကျောင်းရှေ့မှာမုန့်သွားဝယ်ပြီးစောင့်နေမယ်နော် "

" ဟုတ်ပြီ မုန့်ဝယ်ပြီးတာနဲ့စောင့်နေနော် ဘယ်မှမသွားနဲ့နော်
ပြီးတာနဲ့မယ်မယ်တခါတည်းထွက်ခဲ့မယ် "

" ဟုတ်ကဲ့ပါမယ်မယ် "

" Tip ရောပြန်သွားပြီလား "

" ပြန်သွားပြီမယ်မယ် သူ့အဒေါ်ကိုဆေးရုံမှာသွားစောင့်ရမှာ
မလို့အရင်ပြန်နှင့်ပြီတဲ့မယ်မယ် "

" ဟုတ်ပါပြီ "

" သွားတော့မယ်နော် မယ်မယ် "

မောက်ဝိုင်ဝမ်းသည်ကျောင်းပြင်ထွက်ပြီးကျောင်းရှေ့မုန့်ဆိုင်မှာ
မုန့်ဝယ်ပြီးပြန်အထွက်မှာ အသက် 50 ကျော်ဦးလေးတစ်ယောက်
ကသူမရှေ့ရောက်လာကာငိုယိုပြီးအကူအညီတောင်းနေသည်

" ကျောင်းသူလေးရေ ဦးလေးမိန်းမကိုကယ်ပါဦး "

မောက်ဝိုင်ဝမ်းလက်ကိုအတင်းကာရောဆွဲကာပြောနေသည်

" ဘာဖြစ် ဘာဖြစ်တာလဲဦးလေးရဲ့ "

" ဦးလေးနဲ့ခနလိုက်လာပေးပါ ဦးလေးမိန်းမကိုကယ်ပါ "

" ဦးလေးမိန်းမကဘယ်မှာလဲ "

" ဦးလေးနဲ့လိုက်ခဲ့ပါ "

" လိုက် လိုက်ပါ့မယ် "

အဲ့ဒီဦးလေးသည်မောက်ဝိုင်ဝမ်းကိုလမ်းကြားတစ်ခုတည်းခေါ်သွား
ခဲ့ပြီး အနဲငယ်ဟောင်းပြီးစုတ်ပြတ်နေတဲ့တဲအိမ်တစ်ခုတည်းကို ခေါ်သွားလိုက်သည်

" ဦးလေးမိန်းမကဘယ်မှာလဲ "

ဘေးဘီကိုကြည့်နေတဲ့ချိန်နောက်ကနေတင်းကြပ်စွာဖက်လိုက်တဲ့
လက်ဆိုးရွားတဲ့ကိုယ်ရနံ့တွေ

အချစ်ရှိရာဤမောရှမ်းမြေ ( Completed )Where stories live. Discover now