Part - 1

4.4K 174 2
                                    

Part -1

2023  6 လပိုင်း 21 ရက်မနက်ခင်း…

" Morning ပါ ပေါ်ပေါ်( ရှမ်းဘာသာစကားဖြင့် - ဖေဖေ )

မှန်ရှေ့မှာပြင်ပြင်ဆင်ဆင်နဲ့တနေရာသွားဖို့ရှိဟန်တူတဲ့အဖေဖြစ်သူ
ကို မောက်ဝိုင်ဝမ်း-Mork Y One မှအခန်းတံခါးရှေ့ရပ်ပြီး
နှုတ်ဆက်နေသည်

" ဒီနေ့အစောကြီး ပြင်လို့ဆင်လို့ပါလား ယိင်း-Ying တို့ပေါ်ပေါ်က
ဘယ်သွားမလို့လဲ ပေါ်ပေါ် "

" ပေါ်ပေါ်တို့နမ့်လန်မြို့လေးကို အသစ်ရောက်လာတဲ့ Dr.မိတ်ဆက်ပွဲလေးတဲ့ မီးငယ်ရေ "

" အော် "

" မယ်မယ် ( ရှမ်းဘာသာစကားဖြင့် - မေမေ ) ဒီနေ့ခရီးကနေပြန်
ရောက်မယ်နော် အိမ်လေးဘာလေးသန့်ရှင်းထားဦး မဟုတ်ရင်
ပေါ်ပေါ်တို့နှစ်ယောက်လုံးအဆူခံထိမယ်ဆိုတာသိတယ်နော် "

" ဟုတ်ကဲ့ပါရှင့် "

" ကဲ အဲ့ဆိုပေါ်ပေါ်သွားတော့မယ်နော် "

" ဟုတ်ကဲ့ပါ ဂရုစိုက်သွားပါ ……ဟင်း ပျင်းလိုက်တာတကယ်ပါပဲ
မယ်မယ်တခါသွားရင်ရှုပ်လိုက်တဲ့အိမ် "

မောက်ဝိုင်ဝမ်းတစ်ယောက် သက်ပြင်းတချချနဲ့ အိမ်ရှင်းဖို့
စတင်ပြင်ဆင်တော့သည်

" အာ သိပြီ "ဟု ဆိုကာ အခန်းထဲပြေးဝင်ပြီးဖုန်းကောက်ကိုင်ကာ
တစုံတယောက်ဆီဖုန်းဆက်လိုက်သည်

" ဟယ်လို "

" ဟဲ့ တစ်-Tip မထသေးဘူးလား နေလုံးကြီးကနင့်ဖင်ထဲပြန်ဝင်
တော့မယ် "

" ဟာ နင်ကလည်းငါ့ပိတ်ရက်မှာကောင်းကောင်းပေးနားပါဦးဟာ
နင်ကဘာလဲ မနက်အစောကြီးကို "

" ငါ့ဆီလာပါဦး တစ်-Tip အိမ်မှာတစ်ယောက်တည်း "

" အော် လက်စသတ်တော့နင့်ကိုအိမ်ကူရှင်းဖို့မဟုတ်လား
နင်ပါးစပ်ဟတာနဲ့ကို နင့်အူတွေဘယ်လောက်ရှိလည်းငါသိပြီးသား "

" အဲ့ဆို အလိုက်သတိထလာရောပေါ့ "

" အမယ် အမယ် လူကိုလည်းခိုင်းဦးမယ် လေသံကလည်း "

" ငါ စတာပါဟယ် နင်ကလည်း ဒီညအဝတိုက်မယ်လေနော်
နော် နော် နော် ငါတစ်ယောက်တည်းမနိုင်လို့ပါ "

အချစ်ရှိရာဤမောရှမ်းမြေ ( Completed )Unde poveștirile trăiesc. Descoperă acum