Part - 28

1.3K 88 0
                                    

Part - 28

" ဒေါက်တာ ဒီညအားလားဟင် "

မောက်ဝိုင်ဝမ်းသည် အခန်းထဲကဆိုဖာပေါ်မှာ
လှဲရင်းနဲ့ဒေါက်တာမြကြာဖြူဆီစာရိုက်ပို့
နေသည်။

" အားပါတယ်ရှင့် ရှင်ရယ် "

စာဝင်သွားတာနဲ့ချက်ချင်းပဲတစ်ဖက်ကလည်းစာတန်းပြန်လာသည်။

" ယောက္ခမကတွေ့ချင်လို့တဲ့ ညကျလာကြိုမယ်နော် "

" ဒီကလေး ဘာတွေပြောနေတာလဲ "

" တကယ်အဟုတ်ပါ ဒေါက်တာရဲ့မယ်မယ်က
ဒေါက်တာ့ကိုအိမ်ခေါ်ဖို့ပြောနေတာ အသင့်ပြင်ထားပါနော် ည 7 လောက်ဆိုလာကြိုမယ်
ခု အလုပ်ရုံခနသွားဦးမယ် bye bye 😘 "

" ဒီကလေးနှယ် ကြည့်စမ်းလစ်သွားပြီ "

" အချစ်တွေရှိလာတော့လည်း ဖုန်းနဲ့လူနဲ့ကို
မခွာတော့ဘူးနော် ဒေါ်မြကြာဖြူတို့များ "

ဒေါက်တာနန်းစောစောရီသည်ဒေါက်တာမြကြာဖြူရုံးခန်းထဲဝင်လာပြီးစားပွဲပေါ်
စာအုပ်တင်ရင်းနဲ့ပြောလေသည်။

" ရှင်ဆိုသည်မှာလည်း ကျွန်မကိုပြောဖို့
အမြဲချောင်းမြောင်းနေတော့တာပဲနော်
ရှင်ရောဘာထူးနေလို့လဲ ဆိုပါဦး ခုတလော
မျက်နှာတွေကိုရွှင်လို့ ဟိုကလေးကိုဖြင့်
မျက်စိအောက်ကမခွာနိုင်ဖြစ်နေတာကို "

" ဒါကတော့ဒီလိုရှိပါတယ် "

" အင်း ပြောပါဦး "

" မမရယ် စောလည်းမသိတော့ပါဘူး "

" စောရယ် နှစ်နဲ့ချီပြီးကြာခဲ့ပြီပဲ အဲ့ဒီချစ်ခြင်း
ကိုနှလုံးသားတနေရာမှာအေးအေးချမ်းချမ်းနဲ့သိမ်းထားဖို့သင့်ပါပြီ ခုလက်ရှိလူကိုတော့
ခုလက်ရှိအခြေအနေမှာပြည့်ပြည့်ဝဝချစ်ဖို့
သင့်ပါပြီ "

" ဒီလိုလေးလည်းကောင်းပါတယ် မမရဲ့
ချစ်တယ်ပြောမှအချစ်မဟုတ်ဘဲ သူ့ကိုမျက်စိအောက်ကဂရုစိုက်ပေးရတယ် စောလိုအပ်နေချိန်မှာလည်းသူအနားမှာရှိနေခဲ့တယ်တခြားဘာမှထွေထွေထူးထူးလည်းမရှိဘူးပျော်ရွှင်တဲ့ဆက်ဆံရေးတစ်ခုဆိုတာ
တစ်ယောက်နဲ့တစ်ယောက်အမြဲအတူရှိပြီးသူ့အားနည်းချက်ကိုကိုယ်ကဖုံးကွယ်ဖေးမလို့
ကိုယ့်ချို့ယွင်းချက်ကိုလည်းသူကပွေမယူဘူး ဒီလောက်ဆိုရင်လုံလောက်တဲ့အချစ်စစ်တစ်ခုဖြစ်နေပါပြီမမရဲ့ "

အချစ်ရှိရာဤမောရှမ်းမြေ ( Completed )Onde histórias criam vida. Descubra agora