Part - 5

1.5K 106 0
                                    

Part - 5

မောက်ဝိုင်ဝမ်းလည်း result ကြောင့်အများကြီးစိတ်မကောင်း
ဖြစ်မိသွားသည် ဝမ်းတစ်သာသူမဘဝထဲကနေပျောက်ကွယ်သွား
ခဲ့ရင်ဆိုတဲ့စိုးရိမ်စိတ်တွေလည်းကြီးစိုးနေခဲ့သည် ဆိုင်ကယ်နားမှာ
ဝမ်းနဲပြီးရပ်နေတုန်း ဖုန်းဝင်လာသည်

" ဟယ်လို "

" သမီး ဆေးရုံကပြန်ခဲ့ပြီလား "

" ဟုတ် ပေါ်ပေါ် "

" အင်း ဧည့်သည်ရောက်နေပြီ သမီးခုလာလို့အဆင်ပြေလား "

" အော် ဟုတ် ပေါ်ပေါ်ခုလာခဲ့ပါမယ် "

" အင်း အင်း ဟုတ်ပါပြီဂရုစိုက်လာဦး "

မောက်ဝိုင်ဝမ်းသည်ဆေးရုံထွက်ခါနီးတချက်ပြန်လှည့်ကြည့်သေး
သည် Dr.မြကြာဖြူကိုတွေ့လိုတွေ့ညားဆိုပြီး ဒါပေမယ့်လည်း
မတွေ့ပါဘူး  သက်ပြင်းတချချနဲ့ပဲဆေးရုံကနေထွက်ခဲ့လိုက်သည်

" သမီးရောက်လာပါပြီ "

" မိုင်ဆုန်ခ ( ရှမ်းဘာသာစကားဖြင့်-မင်္ဂလာပါ ) ဦးလေး "

" မိုင်ဆုန် မိုင်ဆုန် "

" သမီး မောက်ဝိုင်ဝမ်းပါရှင့် "

" ဦးကျော်ခိုင်ပါ သမီး "

" ဒါကစက်အတွင်းပိုင်းလုံခြုံရေးစနစ်တွေပါ "

မောက်ဝိုင်ဝမ်းသည်အသင့်ကိုင်လာတဲ့ i-pad ကိုဖွင့်ကာ
ဦးကျော်ခိုင်ကိုပြလိုက်သည်

" အင်း သမီးဦးတို့က တောင်သူတောင်သားတွေဆိုတော့
ဒါတွေသိပ်နားမလည်ပါဘူး သမီးပဲရှင်းပြပေးရင်ကောင်းမှာ "

" အော် ဟုတ်ကဲ့ရပါတယ် ဒါတွေက ဒီလို…………"

အိမ်မှာကလေးဆန်သလောက် အလုပ်မှာတော့ရင့်ကျက်တည်ငြိမ်
တဲ့မိန်းကလေးလူငယ်လေးပါပဲ

" အော် တော်တော်အဆင့်မြင့်တာပဲ သမီးအရမ်းတော်တာပဲ "

" တော်တယ်ရယ်လည်းမဟုတ်ပါဘူးရှင့် ဒီတိုင်းသမီးလည်း
လေ့လာမှတ်သားထားသလောက်ပြန်မျှဝေပြီးပြောပြပေးရုံလေးပါပဲ "

စက်အမျိုးမျိုးရောင်းဝယ်ရေးကတော့မိသားစုရဲ့
အပိုစီးပွားရေးတစ်ခုပေါ့

အချစ်ရှိရာဤမောရှမ်းမြေ ( Completed )Donde viven las historias. Descúbrelo ahora