Part - 21

1.3K 91 0
                                    

Part - 21

" ရောက်ပါပြီရှင့် Dr.တို့  "

Dr.မြကြာဖြူနဲ့Dr.နန်းစောစောရီတို့လည်းကားဆင်းလာခဲ့ပြီး
အိမ်ထဲဝင်သွားလိုက်ကြသည်။

" အော် Dr.တို့ရောက်လာကြပြီလား လာပါရှင့် လာပါ "

ဒေါ်ထိပ်ထားစံကထမင်းဝိုင်းပြင်ရင်းတန်းလန်းကနေ ထွက်လာ
ကာကြိုလိုက်သည်။

" ဟုတ်ကဲ့ပါ မကြီး "

" ထမင်းဝိုင်းတခါတည်းထိုင်ကြပါ Dr.တို့ ဗိုက်လည်းအော်နေရော
ပေါ့ သမီးတို့လည်းတခါတည်းလာတော့ "

" ဟုတ် ဟုတ် မေကြီး "

ဦးလောဝ်ဆိုင် ဒေါ်ထိပ်ထားစံ ဒေါ်နွယ်ဒါလီထွန်း မောက်ဝိုင်ဝမ်း
ဝမ်းတစ် တို့အားလုံးလူစုံတက်စုံထမင်းဝိုင်းမှာထိုင်လိုက်ကြကာ
ဒေါ်ခင်နဲ့မိအေးတို့က ထမင်းခူးပြီးရေတွေလိုက်ငှဲ့ပေးနေသည်။

" ဆရာမ  "

အိမ်ပြင်ကနေလှမ်းခေါ်သံကြားတော့ မောက်ဝိုင်ဝမ်းက

" သမီးသွားကြည့်လိုက်မယ် မယ်မယ် "

မောက်ဝိုင်ဝမ်းလည်းထထွက်သွားကာ တံခါးသွားဖွင့်လေသည်။

" မိုမို "

" မမငယ် "

တံခါးပေါက်နားရပ်နေတဲ့မောက်ဝိုင်ဝမ်းကိုပြေးဖက်လေတော့သည်။

" ကြည့်ပါဦး ထွားလာလိုက်တာ မမထက်တောင်ရှည်နေပြီ
အရပ်ကြီးက "

" ဟီး ဆရာမရော မမငယ် "

" ရှိပါ့ လာ လာအထဲဝင်ခဲ့ အော် အန်တီရောပါတာလား "

" အဲ့မှာ ရောက်ကတည်းကိုက ဆရာမနဲ့မမငယ်ကိုတွေ့ချင်လို့တဲ့
အဲ့နဲ့အဖော်လိုက်လာခဲ့တာ "

" ဟုတ် ဟုတ် အန်တီ လာပါ လာပါ "

" ဆရာမ "

" ဟယ် မိုမို "

ဒေါ်ထိပ်ထားစံလည်းထမင်းဝိုင်းအပြင်ထွက်မတ်တပ်ရပ်နေလိုက်ပြီး
နန်းမိုဟွမ်ဦးကပြေးဖက်လိုက်တော့သည်။

" ဆရာမကို သမီးအရမ်းသတိရတာပဲ "

" အမယ်လေ ခုမှသတိရတယ်လုပ်မနေနဲ့ ရောက်ရောက်ချင်း
ဘာလို့လာမတွေ့တာလဲ "

အချစ်ရှိရာဤမောရှမ်းမြေ ( Completed )Kde žijí příběhy. Začni objevovat