Part - 13

1.3K 90 0
                                    

Part - 13

" Tip ခုနဆိုင်မှာတွေ့တဲ့တစ်ယောက်လေ သူကဘယ်သူလဲ "

" ကျောင်းနေကတည်းကအမြဲရန်စစတဲ့အခန်းဖော်ပါ Dr.
သူက Ying ကိုအရမ်းမနာလိုတာလေ "

" Ying စာအရမ်းတော်လို့လား "

" ဘယ်ဟုတ်မလဲ Dr.ရဲ့ Ying ကစာမတော်ပါဘူး
မတော်ပါဘူးဆိုတာက သူကိုယ်တိုင်ကမလုပ်လို့ပါ ဥာဏ်ကတော့ကောင်းသလားမမေးပါနဲ့
E ဆိုရှယ်ကျွမ်းတာ Dr. "

" E ကျွမ်းလို့မနာလိုဖြစ်တာလား "

" အဲ့ဒါလည်းပါတယ် ပြီးတော့ Ying ကချစ်စရာကောင်းတော့
တီချယ်တွေအားလုံးကဝိုင်းချစ်ကြတယ်လေ Dr.
သူကကျစာလုပ်တဲ့နေရာကလွှဲရင် တီချယ်တို့က
သိပ်အရေးမစိုက်ဘူးပေါ့ ဒီလိုနဲ့သူ့ရဲ့မနာလိုမှုဇာတ်လမ်းက
စတော့တာပဲ သူ့ကိုလည်းတီချယ်တွေကချစ်ပါတယ်
ဒါမယ့်သူကအရမ်းစွာလွန်းလို့လေ Dr.ရဲ့ ခုထိမနာလိုနေတုန်း
ဘယ်လိုလူလဲမသိပါဘူး "

" Dr.ကိုဘာတွေပြောနေတာလဲ Tip "

မောက်ဝိုင်ဝမ်းသည် Toilet ကပြန်လာပြီးလက်ဆေးခဲ့ပြီး
အိမ်အနောက်ပေါက်အဝင်မှာချိတ်ထားတဲ့လက်သုတ်နဲ့
လက်သုတ်နေသည်

" နင်စာသင်ခန်းထဲကျောင်းဆင်းတဲ့ထိအိပ်ပျော်နေတဲ့အကြောင်း
ကိုပြောပြနေတာ သားရေလည်းယိုလို့ "

" Tip နင်နော် "

သုတ်နေတဲ့လက်သုတ်ကိုဝမ်းတစ်အားပစ်လိုက်သည်

" အာ ညစ်ပတ်လိုက်တာ Ying "

" ကဲ တော်ကြတော့နှစ်ယောက်စလုံး "

Dr.မြကြာဖြူသည်ပြုံးရင်းနဲ့ပြောလေသည်

" Tip ဆက်ပြောပါဦး Ying ကျောင်းတုန်းကအကြောင်းတွေ "

Dr.မြကြာဖြူသည်ရေခဲသေတ္တာထဲကအချိုရည်ဗူးတွေထုတ်ပြီး
ဝမ်းတစ်အားပြောလေသည်

" Dr. "

မောက်ဝိုင်ဝမ်းကနှုတ်ခမ်းဆူဆူလေးနဲ့ခေါ်လေသည်

" Dr.နားထောင်ချင်တာလေ သမီးအကြောင်းကိုမရဘူးလား ပြော "

Dr.မြကြာဖြူသည် အချိုရည်ဗူးတွေချကာမောက်ဝိုင်ဝမ်းမျက်နှာ
ကိုအေးနေတဲ့လက်လေးနှစ်ဖက်စလုံးနဲ့ကိုင်လိုက်သည်

အချစ်ရှိရာဤမောရှမ်းမြေ ( Completed )Donde viven las historias. Descúbrelo ahora