Part - 9

1.3K 96 0
                                    

Part - 9

Dr.မြကြာဖြူသည် ပန်းစည်းကို အိပ်ယာကုတင်ဘေးက ခုံသေးသေးလေးပေါ်တင်ထားပြီး နှစ်ယောက်အတူတူထွက်
ခဲ့ကြလေသည်

" Dr.ဒီနေ့အရမ်းလှတယ် "

" ဒီနေ့မှလှတာလား "

" အာ အဲ့လိုမဟုတ်ပါဘူး နေ့တိုင်းလှပါတယ်ဒီနေ့ကပိုလှလို့ပါ "

" Ying လည်းဒီနေ့ပို smart ကျနေတယ် "

မောက်ဝိုင်ဝမ်းသည်ဘာမှပြန်မပြောဘဲပြုံးပြီးကားသာ
မောင်းနေလိုက်သည် BD party ရောက်တော့ ဖခင်ဖြစ်သူက
အပြင်မှာကြိုစောင့်နေသည်

" ပေါ်ပေါ် "

" သမီးကိုစောင့်နေတာ cake ကိုတခါတည်းအထဲယူသွားကြ
မယ် ပေါ်ပေါ်ကိုနဲနဲကူသယ်ပေးဦး "

ဦးလောဝ်ဆိုင်သည်ကားအဖုံးနောက်မှာအကုန်လုံးအဆင်သင့်ဖြစ်
နေတဲ့ cake နဲ့ box တွေကိုပြရင်းနဲ့ဆိုလေသည်

" ဟုတ်ကဲ့ပါ ပေါ်ပေါ် "

BD ကိုအခန်းသီးသန့်ငှားပြီးပြုလုပ်ထားတာဖြစ်သည်
အစီအစဉ်ချထားတဲ့အတိုင်း birthday cake မလာမှီ
မီးမှိတ်လိုက်ကြသည်

" အာ မီးပျက်သွားတာလား "

ဒေါ်ထိပ်ထားစံမှရုတ်တရက်ပြောလိုက်သည် ထိုအခါ

" HBD to you HBD to you………………"

အမှောင်ထဲမှ cake ပေါ်ကဖယောင်းတိုင်အလင်းသေးသေး
လေးထဲကမှ ခင်ပွန်းဖြစ်သူရယ် သမီးဖြစ်သူရယ် Dr.မြကြာဖြူရယ်
သီချင်းဆိုသံလေးနဲ့အတူဝင်လာခဲ့ကြသည် အားလုံးကလည်း
သီချင်းဝိုင်းဆိုကြတော့သည် သီချင်းဆိုအပြီးမှာ s-light
မီးတွေပြန်ပွင့်လာသည်

" HBD ပါ ကို့ရဲ့ချစ်ဇနီးလေးရေ "

" HBD ပါမယ်မယ် "

" ဘယ်ကတည်းကဒါတွေကြိတ်စီစဉ်နေတာလဲ တကယ်ပါပဲ "

" ဖယောင်းတိုင်လေးအရင်မှုတ်ပါဦး "

" ဟုတ်ပါပြီရှင် "

" ဒါက BD present လေး "

ဦးလောဝ်ဆိုင်သည် မကြီးမသေးဗူးတစ်ခုကိုဒေါ်ထိပ်ထားစံအား
လှမ်းပေးလိုက်သည်

" ဘာများလဲ "

" ဖွင့်ကြည့် "

ဒေါ်ထိပ်ထားစံလည်းဗူးကိုစဖွင့်လိုက်သည်

အချစ်ရှိရာဤမောရှမ်းမြေ ( Completed )Where stories live. Discover now