Part - 27

1.3K 87 0
                                    

Part - 27

" တီး တီး ( ကားဟွန်းသံ )

" အာ ဒေါက်တာ "

" သွားကြမယ်လေ "

" ဟုတ် ဒေါက်တာ ခနလေးနော် သမီးအိမ်တံခါးတွေခတ်လိုက်ဦးမယ် "

" အေးဆေးလုပ်ပါ "

နန်းမိုဟွမ်ဦးလည်းအိမ်တံခါးတွေပိတ်ကာ
အိမ်ရှေ့မှာကားရပ်ပြီးစောင့်နေတဲ့ဒေါက်တာ
နန်းစောစောရီဆီကိုအပြေးလေးနဲ့သွားကာ
ကားပေါ်တက်သွားလိုက်သည်။

" မေမေမရှိလို့လား မိုမို "

" ဟုတ် ဒေါက်တာ မေမေကခရီးထွက်နေတာ တစ်ပတ်လောက်ကြာမယ်ထင်တယ် "

" အဲ့ဆိုအိမ်မှာတစ်ယောက်တည်းပေါ့ "

" ဟုတ် "

" ဘယ်နေ့သွားခဲ့တာလဲ "

" မနေ့ကမှပါ ဒေါက်တာ "

" အယ် အဲ့ဆိုညတိုင်းတစ်ယောက်တည်းဖြစ်
နေရဦးမှာပေါ့ ဒေါက်တာနဲ့လိုက်နေမလား "

" ရှင် အမ် "

" မမက Ying နဲ့ခရီးထွက်နေတာ ဒေါက်တာ
လည်းတစ်ယောက်တည်းဖြစ်နေတယ် "

" အာ ဟုတ် "

" အဲ့ဆိုအဝတ်တွေတခါတည်းသိမ်းခဲ့လိုက်
လေဒေါက်တာအိမ်ထဲထိုင်စောင့်နှင့်မယ် "

နှစ်ယောက်လုံးကားပေါ်ကနေပြန်ဆင်းကာ
အိမ်ထဲပြန်ဝင်သွားကြပြီး နန်းမိုဟွမ်ဦးလည်း
အဝတ်တွေသွားသိမ်းနေကာ ဒေါက်တာ
နန်းစောစောရီလည်း အိမ်ခန်းလည်မှာထိုင်
ကာမျက်လုံးပင်အငြိမ်မနေဟိုဟိုဒီဒီလိုက်
ပတ်ကြည့်နေသည်။ခနအကြာတော့

" ဒေါက်တာ ပြီးပါပြီရှင့် "

နန်းမိုဟွမ်ဦးသည်အဝတ်ထုပ်တစ်ခုနဲ့အတူ
ပြန်ထွက်လာခဲ့သည်။

" အဲ့ဆိုသွားကြရအောင်လေ ဘာမှမကျန်တော့ဘူးမလားလိုတဲ့ဟာလေးတွေ "

" ဟုတ်မကျန်တော့ပါဘူး ဒေါက်တာ "

ကားထဲမှာတိတ်ဆိတ်ငြိမ်သက်လျက်သာ

" ဒေါက်တာ "

နန်းမိုဟွမ်ဦးကပဲစကားစလေသည်။

" ဒေါက်တာ ဘယ်လိုစဥ်းစားထားလဲ "

စကားဟာအစရယ်မရှိအဆုံးရယ်မရှိပေမယ့်
ရယ်လို့ နန်းမိုဟွမ်ဦးရဲ့ဆိုလိုရင်းကိုဒေါက်တာနန်းစောစောရီအတိနားလည်သည်။

အချစ်ရှိရာဤမောရှမ်းမြေ ( Completed )Onde histórias criam vida. Descubra agora