Part - 29

1.3K 80 0
                                    

Part - 29

မျက်နှာတွေနီမြန်းကာ အခန်းထဲသို့သုတ်တင်ဝင်သွားလေသည်။

" ခုမှလာရှက်နေတယ် အပျိုကြီးတို့များ "

အခန်းထဲဝင်သွားတဲ့ဒေါက်တာမြကြာဖြူကြားရလောက်အောင်အော်ပြောလေပြီးဆိုဖာပေါ်ပြန်ထိုင်ကာစာအုပ်ကောက်ဖတ်နေတုန်းစားပွဲပေါ်တင်ထားတဲ့ဖုန်းဝင်လာသည်။

" ဟယ်လို မိုမို "

" ဒေါက်တာ မိုမိုမနက်ဖြန်ခွင့်တစ်ရက်ယူမယ်နော် "

" ဘာဖြစ်လို့လဲ နေမကောင်းဖြစ်နေတာလား အသံကလည်းနှာသံထွက်နေတယ် "

" အော့ ဟုတ်တယ် ဒေါက်တာ နှာတွေအရမ်းစေးပြီးခေါင်းတွေကိုက်နေလို့ မနက်ဖြန်မနက်လည်းထနိုင်လောက်မှာမဟုတ်ဘူး "

" ဆေးရောသောက်ပြီးပြီလား "

" ဟုတ် သောက်ပြီးပါပြီ ဒေါက်တာ "

" အင်းပါ အဲ့ဆိုစောစောနားလိုက်တော့လေနော် "

" ဟုတ် ဒေါက်တာ "

" အင်း အင်း ဒေါက်တာဖုန်းချလိုက်တော့မယ်နော် နားနားနေနေ နေလိုက်နော် "

" ဟုတ် ဒေါက်တာ "

ဖုန်းချပြီးကာ နန်းမိုဟွမ်ဦးတစ်ယောက်
မျက်နှာမအီမသာနဲ့...

" စိတ်ပူတဲ့လေသံလေး စိုးစိမျှတောင်မပါပါလား အေးလေ ဘာမှမဖြစ်ကြတာ ဘာလို့စိတ်ပူရမှာလဲ ဘဝကလည်းဆိုးလိုက်တာ ကြားထဲအမေကလည်းခရီးထွက်ရပြန်ပြီ "

သက်ပြင်းတချချနဲ့ငြီးငြူနေတော့သည်။

Next day...

" အယ် အစောကြီးဘယ်သွားမလို့လဲ စော "

" ကလေးမဆီသွားမလို့ "

" ကလေးမ duty ရှိတယ်မဟုတ်လား ဒီနေ့ "

" အဲ့တာနေမကောင်းလို့တဲ့ ခွင့်ယူထားတယ် "

" အော် အဲ့တော့ ရှင်ကစိတ်ပူနေရှာတာပေါ့ "

" စိတ်ပူတာပေါ့လို့ မမရဲ့ မေးရက်လိုက်တာ "

" မိုမိုနဲ့က "

" မမရယ် ချစ်သူရည်းစားဖြစ်မှစိတ်ပူရမယ်လို့ဘယ်သူကဥပဒေထုတ်ထားလို့လဲ မမနဲ့ပြိုင်ငြင်းဖို့အချိန်မရှိတော့ဘူး သွားပြီ "

အချစ်ရှိရာဤမောရှမ်းမြေ ( Completed )Donde viven las historias. Descúbrelo ahora