Part - 24

1.3K 89 2
                                    

Part - 24

မောက်ဝိုင်ဝမ်းသည်ခေါင်းသာခါပြီးမလှုပ်မရှပ်သာဆက်ထိုင်
နေသည်။

" Ying မွေးဖွားပြီးရင်သေဆုံးကြရမှာက Dr.တို့ရှောင်လွှဲလို့
မရတဲ့လောကရဲ့ဖြစ်တည်မှုတစ်ခုပဲ ထွက်သွားတဲ့သူကထွက်
သွားပြီကျန်ခဲ့တဲ့သူမှာတော့ရင်ကွဲမတတ်ကျန်ခဲ့တယ် ဒါမယ့်
Tip ကတော့သမီးခုလိုဖြစ်နေတာကို သူဖြစ်စေချင်မှာမဟုတ်ဘူး
သမီးမေမေလည်းအိမ်မှာလုံးဝလဲကျနေပြီ နွယ်လည်းအသိစိတ်
တွေလွတ်နေတဲ့ထိဖြစ်နေပြီ သမီးပါထပ်ပြီးဒီလိုစိတ်ဝမ်းနဲအား
ပျက်နေရင် Tip ချစ်တဲ့သူတွေဘယ်သူကပြုစုတော့မှာလဲ
ဘယ်သူစောင့်ရှောက်တော့မှာလဲ သမီးကိုဝမ်းမနဲနဲ့လို့ Dr.ဆိုချင်
တာမဟုတ်ဘူး ဝမ်းနဲလို့ရတယ် ငိုလို့ရတယ် စိတ်ရှိလက်ရှိ
ငိုကြွေး ဒါမယ့်သမီးလဲကျသွားလို့မဖြစ်ဘူး Dr.ပြောတာ
သမီးနားလည်ရဲ့လား ပြီးတော့သမီးနားမှာ Dr.အမြဲရှိနေတယ် "

မောက်ဝိုင်ဝမ်းသည်လက်နှစ်ဖက်ကမျက်နှာကိုအုပ်လျက်
ထပ်ပြီးငိုကြွေးပြန်သည်။ထိုအခါ Dr.မြကြာဖြူသည် မောက်ဝိုင်ဝမ်း
ကိုဆွဲဖက်ထားလိုက်ကာနှစ်သိမ့်ပေးနေလေသည်။

" Tip ကိုပြန်လိုချင်တယ် Dr. "

မောက်ဝိုင်ဝမ်းသည်ငိုရင်းနဲ့ပြောလေသည်။

" Ying "

Dr.မြကြာဖြူသည် ဖက်ထားတာလွတ်လျက် မောက်ဝိုင်ဝမ်း
မျက်နှာလေးကိုကြင်နာစွာပွတ်သပ်ရင်း…

" Tip ကပျော်ရွှင်တဲ့နေရာရောက်တော့မှာ သူအေးချမ်းမှုကို
အပြည့်အဝခံစားလို့ရမယ့်နေရာကို သူရောက်တော့မယ် ဒါမယ့်
သမီးခုလိုသူ့ကိုပြန်လိုနေချင်ရင်သူ့စိတ်ကနောက်ဆန်တင်းပြီး
မကောင်းတဲ့နေရာရောက်ပြီးယောင်ချာချာဘုံဘဝရောက်
သွားရလိမ့်မယ် သမီးအဲ့လိုဖြစ်စေချင်လား ဟင် "

မောက်ဝိုင်ဝမ်းသည်ခေါင်းခါပြီး Dr.မြကြာဖြူကိုတင်းကြပ်စွာ
ပြန်ဖက်ထားလိုက်ပြီးအားရစွာထပ်မံငိုကြွေးပြန်သည်။
Dr.မြကြာဖြူလည်းကျောလေးကိုအသာလေးပုတ်ပေးလျက်
ဝမ်းနဲစွာနှစ်သိမ့်ပေးနေသည်။

သဂြိုလ်ချိန်…

" ထိပ်ထား တကယ်လိုက်နိုင်လား "

အချစ်ရှိရာဤမောရှမ်းမြေ ( Completed )Where stories live. Discover now