Part - 25

1.4K 89 0
                                    

Part 25

ဒီအချိန်မှာ အရာအားလုံးကို အသစ်ကနေ
ပြန်စဖို့ကိုယ်စီအဆင်သင့်ဖြစ်ဖို့ လုံလောက်နေပြီမဟုတ်လား။

Dec 25/2023

" မေမေ Merry Christmas ပါ "

" Merry Christmas ပါသမီးငယ် ဒီနေ့ညသူငယ်ချင်းတွေနဲ့
အစီအစဉ်ရှိသေးလား "

" မရှိပါဘူး မေမေရဲ့ "

" အင်းပါ ရော့ မနက်စာစားလိုက်ဦး "

နန်းမိုဟွမ်ဦးသည်အလုပ်သွားဖို့ပြင်ဆင်ပြီးမနက်စာပြင်နေတဲ့
မိခင်ဖြစ်သူဆီကိုလာပြီးစကားပြောနေခြင်းဖြစ်သည်။

" မစားတော့ဘူး မေမေ "

" စောသေးတာကို စားသွားဦးလေ သမီးရဲ့ "

" ဒီနေ့မနက်စောစောမွေးလူနာရှိလို့ သွားရတော့မယ်မေမေ "

" အဲ့ဆိုမုန့်လေးယူသွား "

ဒေါ်ယဉ်အေးကနန်းမိုဟွမ်ဦးအိတ်ထဲကိုမုန့်တစ်ထုပ်ရယ်ရေဗူး
ရယ်ထည့်ပေးရင်းနဲ့ဆိုလေသည်။

" စူမ်းခ မေမေ "

" ဆိုင်ကယ်ဖြည်းဖြည်းမောင်းဦး "

" ဟုတ် မေမေ သွားပြီနော် "

နန်းမိုဟွမ်ဦးလည်းမိခင်ဖြစ်သူကိုနှုတ်ဆက်ကာ ကျောပိုးအိတ်လွယ်
ိဆိုက်ကယ်ဦးထုပ်စောင်းပြီးထွက်သွားလေသည်။ဆေးရုံကိုရောက်
တော့ဆိုင်ကယ် stand မှာမရပ်ဘဲ Dr.မြကြာဖြူတို့အိမ်ခန်းဆီ
တန်းမောင်းသွားကာရပ်ပြီးဝင်သွားလေသည်။

" Dr. "

" အစောကြီးဘာလာလုပ်တာလဲ "

" Merry Chirstmas ပါ Dr. "

နန်းမိုဟွမ်ဦးသည်အခန်းအလယ်မှာကော်ဖီထိုင်သောက်နေတဲ့
Dr.နန်းစောစောရီကိုနှုတ်ဆက်ကာ လက်ထဲပါလာတဲ့အထုပ်တစ်
ထုပ်ကိုလှမ်းပေးလိုက်သည်။

" ဘာလဲ "

" Chirstmas လက်ဆောင်ပါ "

" အင် ခရစ်ယာန်လား "

" ခရစ်ယာန်မဟုတ်ရင်ပေးလို့မရဘူးလား Dr.ရဲ့ ဘာလဲ Dr.က
မိုမိုလက်ဆောင်က စျေးမကြီးလို့မယူချင်တာလား အေးပေါ့…"

" အမယ်လေ ပေး ပေး "

အသံတိုးကာ ဝမ်းနဲဟန်ပြောနေတဲ့နန်းမိုဟွမ်ဦးလက်ထဲက
အထုပ်ကို Dr.နန်းစောစောရီလှမ်းယူလိုက်ကာအထဲကဟာကို
ဆွဲထုတ်ကြည့်လိုက်သည်။

အချစ်ရှိရာဤမောရှမ်းမြေ ( Completed )Donde viven las historias. Descúbrelo ahora