Part - 12

1.2K 96 1
                                    

Part - 12

နှစ်ယောက်လုံးဒေါ်ထိပ်ထားစံကိုနှုတ်ဆက်ကာအရင်ဆုံး
ဒေါ်နွယ်ဒါလီထွန်းကိုကြိုဖို့ကားမောင်းထွက်သွားကြတော့သည်
ဒေါ်နွယ်ဒါလီထွန်းအိမ်ရောက်တော့အိမ်ရှေ့မှာအဆင်သင့်
ထိုင်စောင့်နေတဲ့ဒေါ်နွယ်ဒါလီထွန်းကိုတွေ့လိုက်ရသည်

" ရှင်တို့ 10 မိနစ်ကြီးကလည်းတသက်စာလောက်ကြာတယ် "

ဒေါ်နွယ်ဒါလီထွန်းသည်ပြောပြောဆိုဆိုနဲ့ကားပေါ်တက်လိုက်သည်

" တီချယ်ရဲ့ဝမ်းတစ်အပြစ် "

" ရော့ အပြစ်ပေးတယ် "

ဒေါ်နွယ်ဒါလီထွန်းသည်ဝမ်းတစ်ပါးလေးကိုဖွဖွလေးနမ်းလိုက်သည်

" ရော့ ကိုယ်လည်းပြန်ပေးတယ် အာဘွား "

ဝမ်းတစ်ကလည်းဒေါ်နွယ်ဒါလီထွန်းပါးလေးကိုပြန်နမ်းလိုက်
လေသည်နှစ်ယောက်သားသာယာနေတာကိုမောက်ဝိုင်ဝမ်းတစ်
ယောက်မျက်နှာကြီးကဆွေလို့စောင်းလို့ကြည့်နေတော့သည်

" ဘာလဲ အားက်လား "

" ဝှယ် အားကျစရာလား "

မောက်ဝိုင်ဝမ်းသည်ကလေးကလားလျှာထုတ်ပြလိုက်ပြီး
ပြောလိုက်သည်

" နဲနဲကျတယ်တော့လုပ်ပါ "

ဒေါ်နွယ်ဒါလီထွန်းမှနောက်ပြီးပြောလေသည်

" လုံးဝပဲ "

Dr.မြကြာဖြူကိုကြိုဖို့ဆက်ပြီးမောင်းခဲ့ကြသည် ဆေးရုံရှေ့မှာ
လာရပ်စောင့်နေတဲ့ Dr.မြကြာဖြူကိုခပ်လှမ်းလှမ်းကနေလှမ်းမြင်
နေရသည် ဆေးရုံရှေ့ရောက်ပြီးကားရပ်ကာ မောက်ဝိုင်ဝမ်းသည်
ကားပေါ်အမြန်ဆင်းကာ Dr.မြကြာဖြူဆီသွားလေသည်

" Dr.စောင့်နေတာကြာပြီလား "

" မကြာသေးပါဘူးသမီးရဲ့ "

" ဘာလို့အပြင်မှာတစ်ယောက်တည်းလာရပ်စောင့်နေတာလဲ
အိမ်ခန်းမှာစောင့်နေတာမဟုတ်ဘူး Ying တခါတည်းဝင်လာ
ကြိုမှာပေါ့ "

" ထားပါ ခုလည်းရောက်လာပြီပဲကို Dr.ဗိုက်ဆာနေပြီ "

" အာ ဟုတ်ကဲ့ပါ "

မောက်ဝိုင်ဝမ်းသည်အမြန်ပြေးကာကားတံခါးဖွင့်ပေးလိုက်သည်

အချစ်ရှိရာဤမောရှမ်းမြေ ( Completed )Où les histoires vivent. Découvrez maintenant