Part - 11

1.3K 100 0
                                    

Part - 11

အခန်းသန့်ရှင်းရေးတွေလုပ် ဝတ်ဖို့အဝတ်အစားရှာသွက်လက်ပေါ့
ပါးနေပုံများခုနကနဲ့တစ်ယောက်တည်းမဟုတ်သလိုပါပဲ

" ဘယ်သွားရင် ကောင်းမလဲ အာ သိပြီ Dr.ကိုတောင်ရေကန်ခေါ်
သွားမယ် "ဆိုပြီးတစ်ယောက်တည်းတွေးကာ တစ်ယောက်တည်း
ပြုံးပြီးပျော်ရွှင်နေတော့သည်

ညနေလည်းရောက်ရောမိဘဖြစ်သူတွေလည်းကိုယ်စီပြန်လာကြ
ကာထမင်းစားဖို့ပြင်နေကြချိန်မောက်ဝိုင်ဝမ်းကပြင်ပြင်ဆင်ဆင်နဲ့
ဆင်းခဲ့တာကိုမြင်ကြတော့သည်

" Ying ဘယ်သွားမို့လဲ "

" အာ Dr.နဲ့ အမ် "

" အော် Dr.ခေါ်ထားပြန်တာလား မီးငယ်ကို "

ဖခင်ဖြစ်သူကပြုံးပြုံးနှင့်ခနဲ့တဲ့တဲ့ပြောလေသည်

" ဒီနေ့တော့သမီးတွေ့ဖို့ပြောတာပါ ပေါ်ပေါ်ရဲ့ "

" အော် အဲ့လိုလား "

" အဲ့ဆိုသမီးသွားလိုက်ဦးမယ်နော် "

" အင်းပါ အင်းပါ သိပ်မနောက်ကျနဲ့ဦးနော် မီးငယ် "

" ဟုတ်ကဲ့ပါ မယ်မယ် "

မိဘဖြစ်သူတွေကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ
ပြုံးနေကြတော့သည်

" အာ Dr.အခန်းကဘာလို့ပိတ်နေတာလဲ ပြန်မရောက်သေးတာလား 6 မှတ်တင်းတောင်ရှိနေပြီ "

မောက်ဝိုင်ဝမ်းသည် Dr.အခန်းရှေ့ရပ်ကာပြောနေလေသည်

" Ying "

ထိုအခါအနောက်ကခေါ်သံလေးကြားပြီးလှည့်ကြည့်လိုက်တော့
အခုမှဆေးရုံကနေပြန်လာတဲ့ Dr.မြကြာဖြူကိုတွေ့လိုက်သည်
တနေကုန်တောင်အလှမပျက်တဲ့ Dr.မြကြာဖြူလေး
ပါတိတ်စိမ်းနုရောင်လေးနဲ့ fancy ဖိနပ်အပါးရိုးရိုးလေးနဲ့
ဆံပင်ကိုလည်းအနောက်မှာသပ်သပ်ရပ်ရပ်ထုံးဖွဲ့ထားသည်
သူမဆီလျှောက်လာခဲ့တဲ့ခြေလှမ်းလေးတွေအင်မတန်မှ
လှပပြီးသွက်လက်နေသေးသည်

" အရေးပေါ်ခွဲခန်းဝင်လိုက်ရတာ Ying ရဲ့ "

" အာ အများကြီးပင်ပန်းနေတော့မှာပေါ့ အဲ့ဆို "

" ခုနဒီကိုမရောက်ခင် ဒီကလေးရဲ့မျက်နှာလေးကိုမမြင်ရခင်ထိ
ပင်ပန်းနေသေးတယ် ခုတော့အကုန်ပြေသွားပါပြီ "
( အမယ်လေ ပြောတတ်တာ )

အချစ်ရှိရာဤမောရှမ်းမြေ ( Completed )Donde viven las historias. Descúbrelo ahora