Part - 14

1.2K 88 0
                                    

Part - 14

" သွား ထမင်းစားပွဲမှာငြိမ်ငြိမ်သွားထိုင်ကြ "

" ဟုတ် "

" ဒီနှစ်ယောက်တနေကုန်ပျောက်နေတယ် ဘယ်တွေသွားခဲ့တာလဲ
ပြောပါဦး "

ဦးလောဝ်ဆိုင်ကထမင်းစားဝိုင်းမှာလာထိုင်လိုက်ပြီးပြောလေသည်

" ဘယ်မှမသွားခဲ့ပါဘူး ပေါ်ပေါ် Dr.နဲ့ဆေးရုံမှာပဲရှိခဲ့တာပါ "

" အော် အဲ့လိုလား "

" ကဲ မှုန်ညှင်းစောပူပူလေးရပါပြီ မခင်နဲ့မိအေးလည်းတခါတည်း
လာစား အတူတူစားမှထမင်းကမြိန်တာ လာ လာခဲ့ "

" ရပါတယ်ဆရာမ ဆရာမတို့အရင်စားပါ "

" အော် လာပါဆို "

ဒေါ်ခင်နဲ့မိအေးလည်းတွန့်ဆုတ်တွန့်ဆုတ်နဲ့ထမင်းစားဝိုင်းမှာ
လာထိုင်လိုက်သည်

" မယ်မယ်မနက်ဖြန်ကျ တောင်ရေကန်မှာညစာသွားစားကြ
မလား weekend ဆိုတော့ "

" အင်း သွားကြမယ်လေ မီးငယ် Dr.ကိုလည်းခေါ်လိုက် "

" ဟုတ် မယ်မယ် "

" အော် ဒါနဲ့ Tip နောက်တပတ်ကြာသပတေးနေ့ကျ
Lashio မှာ သင်တန်းရှိတယ်ဆိုတာသိပြီးပြီလား "

" အော့ မသိသေးပါဘူး မေကြီးရဲ့ "

" အော် ကျောင်းပြန်ဖွင့်မှပြောမယ်ထင်တယ်အဲ့ဆို "

" သင်တန်းသွားရမှာ နွယ်ရောပါလား မေကြီး "

" ပါပါ့တော် အမယ်လေ နဲနဲလေးမှတောင်မခွဲနိုင်ဘူးလား "

" ဟီး ဒါပေါ့မေကြီးရဲ့ "

" ဝှယ် "

မောက်ဝိုင်ဝမ်းကမျက်နှာမချိုမချဉ်နဲ့လုပ်ပြလိုက်သည်

" နင့်လို နှစ်ရှည် Fa မကြီးကတော့ဒါတွေကိုနားလည်မှာ
မဟုတ်ပါဘူး "

" Tip ထမင်းစားဝိုင်းမှာစိတ်လာမဆွနဲ့နော် "

" စကားများကြမယ်ဆို ထမင်းပန်းကန်သိမ်းလိုက်တော့မယ်နော် "

ဒေါ်ထိပ်ထားစံသည်မျက်မှန်အောက်ကမျက်လုံးလေးပင့်ကာ
ပြောလေသည်

" ဟုတ် "

နှစ်ယောက်စလုံးငြိမ်ကာခေါင်းငုံ့ပြီးတော့သာထမင်းစားနေကြ
တော့သည် ဒီနှစ်ယောက်ကတော့ဒေါ်နွယ်ဒါလီထွန်းပြောသလိုပဲ
ကြောင်နဲ့ကြွက်လိုအမြဲတမ်းတွေ့ရင်စကားများကြရပါတယ်

အချစ်ရှိရာဤမောရှမ်းမြေ ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin