part 14

8.6K 321 0
                                    

အချစ်ဆီမှ အစပြု၍(BL Fic)
အပိုင်း(၁၄)
လင်း ...နိုင်ငံရပ်ခြားကို ထွက်သွားတဲ့ နေ့ကဆိုရင် ခန့်ထည် ကို အနားမကပ်ရဘူးလို့ လင်းက အမိန်တော်ထုတ်ထားတာမို့ အဝေးကနေပဲ ခန့်ထည် မှာ ငေးကြည့်နေခဲ့ရသည်။ဖြစ်နိုင်ရင် အနားနားကပ်နေချင်သည်။လိုက်သွားချင်သည်။အမြဲတမ်း ကာကွယ်ပေးနေချင်သည်။အမြဲအတူရှိနေချင်သည်။
အဲ့ဒီနေ့က အရက်တွေ မူးအောင်သောက် မယ်  ၊လမ်းမအလယ်မှာ အိပ်မယ်၊လင်း........ရေလို့ ခေါ်ခေါ်ပြီး ငိုမယ်၊အသည်းကွဲနေတဲ့ သီချင်းတွေ ဆိုလိုက်မယ် ၊မိုးရွာရင် မိုးရွာထဲမှာ လျှောက်သွားမယ်၊မိုးမရွာရင် ရေချိုးခန်းက ရေပန်းကိုဖွင့်ပြီး အိပ်မယ် ရင်တွေပူလောင်လွန်းလို့ ဆိုပြီး ထင်ရာတွေ လျှောက်ပြောနေတော့ အီယာက သူ့နဖူးကို ဘတ် ကနဲ ရိုက်ကာ

"နင် အဲ့လိုတွေ လျှောက်လုပ်နေနော်
နင်တို့ကို အောင်သွယ်ပေးမယ့် အစီအစဉ်ကို ဖျက်သိမ်းပစ်လိုက် မယ်"

ဆိုပြီး အီယာယာက ခြိမ်းခြောက်လိုက်သည်။
ပြီးတော့

"နင်ပြောတော့ လင်းကို အမြဲစောင့်ရှောက် ပါ့မယ်၊စောင့်ရှောက်ချင်တယ်ဆို နင်က စိတ်ဓာတ်ကြံ့ခိုင်မှ လင်းက နင့်ကို မှီခို ချင်စိတ်ပေါက် မှာပေါ့"

လို့လည်း  နားချလိုက်သေးသည်။
ခန့်ထည် ဖျတ်ကနဲ စိတ်ပြောင်းပြီး

"ငါ အိမ်ပြန်တော့ မယ် နင်သာ နင့်ကတိကို နင်မမေ့နဲ့နော်"

"ငါက ကတိတည်တယ် နင်သာ လင်းကိုစောင့်ရှောက်နိုင်လောက်တဲ့ လူဖြစ်အောင် ကြိုးစားစမ်းပါ"

လို့ အပြန်အလှန် ကတိပေးခဲ့ကြပြီး ခန့်ထည်ရော အီယာပါ အိမ်ကိုပြန်သွားကြတယ်။
.........
အဲ့ဒီနေ့က စပြီး အီယာယာက ခန့်ထည်သိအောင်ရော၊မသိအောင်ပါ ခန့်ထည်၏ ဓာတ်ပုံတွေကို ရိုက်ယူပြီး လင်းဆီကို နေ့တိုင်း ပို့ပေးနေခဲ့တာပင်။

ခန့်ထည်ကတော့
စာကြည့်တိုက်သွားပြီး အမြဲတမ်း စာဖတ်တယ်။ကျောင်းကို မပျက်တမ်းသွားပြီး စာမှန်မှန်လေ့လာတယ်။
သူ့ကိုယ်သူ ကြံ့ခိုင်လာအောင်လည်း အရင်ကထက်ပိုပြီးဂရုတစိုက်နဲ့ လေ့ကျင့်ခန်းတွေ လုပ်လာတယ်။
တခါတခါဆို သူ့အမေဆီက လင်းကြိုက်တတ်တဲ့ ဟင်းတွေ ချက်တတ်ဖို့တောင် သင်ယူနေသေးတယ်။

အချစ်ဆီမှ အစပြု၍🔞(Complete)Donde viven las historias. Descúbrelo ahora