part 17

8.9K 306 2
                                    

အချစ်ဆီမှ....အစပြု၍(BL Fic)
အပိုင်း(၁၇)
အခန်းထဲမှာ ရှောင်ပြေးနေတဲ့ လင်းကို အခန်းထောင့်လေးထဲမှာ ခန့်ထည်က မိသွားတော့သည်။
လင်၏ ကိုယ်လုံးလေးကို စွေ့ကနဲ ကောက်ချီလိုက်ပြီး ခန့်ထည်က သူ့ကုတင်ပေါ်သို့ တင်လိုက်သည်။
ပြီးတော့ ခန့်ထည်က သူဝတ်ထားတဲ့ ညဝတ် အင်္ကျီကိုပါ ချွတ်ပစ်လိုက်သည်။
အောက်ခံဘောင်းဘီလေးပဲ ကိုယ်ပေါ်မှာ ရှိတော့တဲ့ ခန့်ထည်ကို ကြည့်ကာ လင်းက လန့်သွားပြီး သူ့လက်ဖက်နှင့်တွန်းဖယ်လိုက်ပေမယ့် ခန့်ထည်၏ ကိုယ်လုံးက နေရာမှ ရွေ့မသွားချေ။

"မင်း...မင်းပြောတော့ စကားပြောရုံပဲဆို"

ဟု ကယောင်ကတမ်းမေးလိုက်သည်။

လင်း၏ ကိုယ်ပေါ်ကို ခန့်ထည်က အုပ်မိုးထားရင်းမှ လင်းပုံစံလေးကို ကြည့်ကာ ခန့်ထည်က ပြုံးဖြီးဖြီးကြီး ဖြစ်နေသည်။

"ဟုတ်တယ်
စကားပြောရုံပဲလေ ဒါပေမယ့် ခန္ဓာဗေဒ ဘာသာစကားနဲ့ ပြောမှာ"

လို့ ပြောရင်း လင်း၏ လည်ပင်းလေးတွေကို နမ်းနေသည်။အဲ့ဒီကနေ တဆင့် နားရွက်လေးတွေကို နမ်းသည်။မေးစေ့ကို နမ်းသည်။ပြီးတော့ လင်း၏ နှုတ်ခမ်းကလေးတွေကို ညင်ညင်သာသာလေး နမ်းသည်။
တဖြည်းဖြည်း ကြမ်းလာပြီး
လင်းဝတ်ထားသည့် တီရှပ် အဖြူရောင်လေးကို  ခန့်ထည်က သူ့ရဲ့ သန်မာထွားကျိုင်းပြီး အကြောပြိုင်းပြိုင်းထနေသည့် လက်နှစ်ဖက်နှင့် "ဗြန်း" ကနဲ ဆွဲဖြဲပစ်လိုက်သည်။

"ဟာ.....ခန့်ထည်"

ဟုဆိုပြီး လင်းဆီမှ အသံထပ်ထွက် မလာ‌ေတာ့ တိတ်သွားသည်။ခန့်ထည်က သူ့နှုတ်ခမ်းတွေကို သုံးကာ လင်း၏နှုတ်ခမ်းလေးတွေ ကို ပိတ်လိုက်သည်။
ပြီးတော့ လင်း၏ ခန္ဓာကိုယ်လေးကို အရုပ်ကလေးပမာ ဆွဲမှောက်ပစ်လိုက်သည်။

"ခန့်..ခန့်ထည် "
ချစ်တယ် ဆိုပေမယ့် ဒီတခါက အရက်လည်း မူးမနေတာကြောင့် လင်းမှာ ရှက်စိတ်ကလေးကလည်း ရှိနေပေမယ့်
ခန့်ထည်ကတော့ စီးမျောနေသည်။

လင်း၏ ဝင်းအိနေသော နောက်ကျောပြင်လေး၊ လည်တိုင်လေးတွေကိုပါ ပြင်းပြင်းရှရှ နမ်းနေသည်။
လင်းလည်း နောက်ဆုံးတော့ ခန့်ထည်နှင့်အတူ အထိအတွေ့တွေမှာ မျောပါသွားတော့သည်။
............................
ခန့်ထည် အိပ်ရာကနိုးနိုးချင်း လင်း၏မျက်နှာလေးကို မြင်လိုက်ရတော့ အလိုလိုနေရင်း ပြုံးကာ ငေးကြည့်နေမိသည်။
အနှစ်နှစ်အလလက ခိုးငေးကြည့်ခဲ့ရတဲ့ မျက်နှာလေး
သူငယ်ချင်း နဲ့တူအောင် နေ့စဉ် ဟန်ဆောင်ကာ သွားလာခဲ့ကြပေမယ့်
ရင်ထဲက ကြိတ်ပြီး လောဘတက်ခဲ့ရတဲ့ လည်ပင်းရိုးလေး၊ရင်ဘတ်ဖြူဖြူလေး၊နှုတ်ခမ်းဖူးဖူးလုံးလုံးလေး၊
အခုတော့ သူလေးက ကိုယ့်ချစ်သူတဲ့လေ။ကိုယ့်လူ ဖြစ်စေချင်သူလေးကို ကိုယ့်လူအဖြစ်ပိုင်ဆိုင်ခွင့် ရခဲ့တဲ့ ခံစားချက်ကြီးက တကယ်ကြီးကို ပျော်ရွှင်ကြည်နူးစရာ ကောင်းလှသည်။
စောင်လေးတထည်သာ ခြုံထားပြီးတော့ အင်္ကျီမပါတော့တဲ့ ချစ်ရသူလေး၏ ရင်ညွန့်၊ရင်ဘတ်၊ပခုံးသားလေးတွေ၊လည်တိုင်လေးတွေ၊မျက်နှာလေးတွေကို တစိမ့်စိမ့်နှင့် ငေးကြည့်နေမိသည်။အလိုအလျောက်ပြုံးပြုံးကြီးနှင့်ပေါ့။

အချစ်ဆီမှ အစပြု၍🔞(Complete)Donde viven las historias. Descúbrelo ahora