part 33

5.6K 196 2
                                    

အချစ်ဆီမှ.....အစပြု၍
အပိုင်း(၃၃)
ဆေးရုံကိုရောက်ရောက်ချင်းပင် လင်း၏တကိုယ်လုံးကို လိုအပ်သည့် စစ်‌ေဆးမှုများ ပြုလုပ်သည်။လင်းက သတိမေ့နေတာမို့ အရေးပေါ်ခန်းထဲကို ပို့ပြီး ချက်ချင်းကုသမှု ခံယူရသည်။

လင်း၏ ခြေထောက်နှစ်ချောင်းမှာ အရိုးကျိုးသွားတာမို့ ချက်ချင်း ခွဲစိတ်မှု ပြုလုပ်ခဲ့ရသည်။

ခွဲစိပ်ခန်းထဲကို ဝင်သွားသော လင်းကို ကြည့်ကာ စကားလည်း မပြောဖြစ်ပဲ ခန့်ထည်၊အီယာယာ နှင့် လင်း၏အမေတို့က ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။

သိပ်မကြာခင်မှာပင် လင်း၏ အဖေကပါ သူ့မန်နေဂျာနှင့်အတူ သုတ်သီး၊သုတ်ပြာဖြင့် ရောက်ချလာသည်။မွေးနေ့ပွဲ ဖျက်သိမ်းပြီးပြီးချင်းပင် ထွက်လာခဲ့ဟန်တူပါသည်။လင်းတို့ အမေက လင်းတို့ အဖေကို မြင်လျှင် မြင်ချင်းပင် မျက်နှာလွှဲ လိုက်လေသည်။

အီယာယာကရော၊ခန့်ထည်ကပါ စကားမပြောကြတာမို့ လင်းတို့ အဖေက ဆေးရုံအုပ်ကြီးနှင့် တွေ့ဆုံရန် ထွက်သွားသည်။

ခန့်ထည်၏ မိဘတွေပါ လိုက်လာကာ လာကြည့်ကြပေမယ့် ညဘက်ရောက်သည်အထိ လင်း က သတိမရသေးတာမို့
လင်းတို့ အမေနှင့် အီယာယာ့ကို ခေါ်သွားပြီး ကိုယ်စီ၏အိမ်များသို့ လိုက် ပို့ပေးကြလေသည်။

ခန့်ထည်အတွက် လဲဝတ်စရာအဝတ်အစားနှင့် အစားအသောက်တို့ကို
ပို့ပေးလိုက်တာကြောင့် ဆေးရုံခန်းထဲ၌ ပင် အဝတ်အစားလဲဝတ်လိုက်သည်။
ညစာကိုလည်း စားမဝင်ချေ။
လင်း၏ ကုတင်ဘေး၌ပင် အိပ်ပျော်သွားရလေသည်။

နောက်တနေ့ မနက်အထိ လင်းက သတိမရသေးပေ။‌ေနာက်တ‌ေန့ရဲ့ နောက်တနေ့အထိပင် သတိမရသေးပေ။ခန့်ထည်ကတော့ လင်း၏အနားကနေ တဖဝါးမှ မခွာပဲ လင်းကို စောင့်ကြည့်ကာ ရေပတ်ဝတ်တိုက်ပေးတာ၊ခေါင်းဖြီးပေးတာ၊လက်သည့် ညှပ်ပေးတာ၊အဝတ်အစားလဲဝတ်ပေးတာတွေကို စပါယ်ရှယ် နပ်စ် ငှားထားသည့် ကြားက သူကိုယ်တိုင်ပင် လုပ်ပေးသည်။

လင်း၏ အမေကလည်း တနေကုန်အောင်လာလာ ထိုင်ကာ ခန့်ထည်နှင့် စကားတပြောပြော လုပ်ကာ လင်းကို စောင့်ကြည့် နေပေးပါသည်။လင်းတို့အဖေက  တော့ မကြာမကြာလာကြည့်သည်။ကုမ္ပဏီတခုကို လည်ပတ်အောင် ဦးစီးနေရတာမို့ အချိန်ပြည့် လာမကြည့်နိုင်ပေ ။လင်းတို့ အမေကတော့ လင်းတို့ အဖေကို အခုထိပင် စကားမပြောပေ။အီယာယာနှင့် ခန့်ထည်တို့ မိဘတွေလည်း မကြာ ၊မကြာ လာကြည့်ကြသည်။

အချစ်ဆီမှ အစပြု၍🔞(Complete)Donde viven las historias. Descúbrelo ahora