part 34

5.8K 188 0
                                    

အချစ်ဆီမှ.....အစပြု၍
အပိုင်း(၃၄)
အခုဆိုရင် လင်းက သတိရလာပြီဖြစ်ပြီး၊လမ်းမလျှောက်နိုင်သေးတာက လွဲလို့ အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့ အခြေအနေကနေလည်း ကျော်လွန်သွားခဲ့ပြီ။ဆိုတော့ အိမ်ကို ပြန်ပြီးတော့ပဲ ဆေးကုသမှုကို ဆက်လက် ခံယူခွင့်ရသွားခဲ့ပြီ။
လင်းက လင်းအိမ်ကို ပြန်သွားခွင့်ရပြီဆိုတော့ ခန်ထည်ကိုလည်း အလုပ်ပြန်တက်ဖို့ လင်းကပဲ တွန်းအားပေးခဲ့သည်။သူ့အိမ်၊သူ့ယာ ၊သူ့မိဘ အရိပ်အောက် မှာ ဆက်လက် ပြီး ဆေးကုသ မှာဆိုတော့ ခန့်ထည်လည်း စိတ်ချတာမို့ အလုပ်ပြန်ဝင်ဖို့ကို သဘောတူလိုက်သည်။ညနေခင်းတိုင်း နှင့် အားလပ်ရက်တိုင်းမှာတော့ လာကြည့်ခွင့်ပြုဖို့ လင်းအမေနှင့် လင်းဆီက ခွင့် ပြုချက်တောင်းထားသည်။အခုဆိုရင် လင်းကလည်း ဖုန်းကိုင် ခွင့် ရှိနေပြီမို့ ခန့်ထည် အလုပ်ပြန်တက်စနေ့ကဆို (၁၅) မိနစ် တခါလောက် လင်းဆီကို ဖုန်းခေါ်နေတာမို့ နောက်ဆုံး မနက်အစောနှင့် နေ့လည်စာစားချိန်မှာပဲ ဖုန်းခေါ်ရမည်ဟု လင်းက စည်းကမ်းထုတ်လိုက္ မှ ခန့်ထည်လည်း စောဒက မတက်ရဲပဲ လိုက်နာရတော့သည်။

လင်း အိမ်ကို ပြန်ရောက်သည့် နေ့က အဖေက အိမ်မှာ မရှိပေ။သူ့ ကုမ္ပဏီ ကိစ္စနှင့် နိုင်ငံခြား ခရီးထွက်သွားလေသည်။

ဒီနေ့တော့ အဖေပြန်ရောက် လိမ့်မည်ဟု အမေကပြောသည်။ ကိစ္စတွေ ဖြစ်ပြီးသွားတဲ့ နောက်ပိုင်း အခုမှ ဖခင်ဖြစ်သူနှင့် တအိမ်တည်း အတူတကွ ပြန်နေပြီး၊‌ေတွ့ရတော့မယ်ဆိုတော့ ပျော်တာလိုလို၊စိတ်ကျဉ်းကျပ်တာလိုလို၊စိတ်လှုပ်ရှား သလိုလို၊စိတ်ပျက်သလိုလိုပင် ဖြစ်နေသည်။

"ရေကုန်နေတာပဲ"

လင်း၏စားပွဲပေါ်မှ ရေချိုင့်ကို ကြည့်ကာ အမေက ပြောသည်။ရေချိုင့်လေးကို ယူကာ ရေထပ်ထည့်ရန် အမေက အခန်း၏အပြင်သို့ ထွက်သွားသည်။မနက်ခင်းက အနည်းငယ်စောနေသေးတာမို့ စပါယ်ရှယ် နပ်စ် အမကလည်း မရောက်လာသေးပေ။

"အဟမြး....အဟမြး"
အခန်းတံခါးဝ မှ အဖေ၏ ချောင်းဟန့်သံကို ကြားလိုက်ရသည်။လင်းက သက်ပြင်းတချက်ကို ချလိုက်ပြီး

အချစ်ဆီမှ အစပြု၍🔞(Complete)Dove le storie prendono vita. Scoprilo ora