part2

5.5K 349 8
                                    


unicode
2

”ရား...ကင်မ်ထယ်ယောင်း...”

နောက်တစ်နေ့မနက်မိုးမလင်းသေး အိမ်သို့ရောက်လာလာသည်က နှစ်ယောက်မရှိသည့် သူငယ်ချင်း ပတ်ခ်ဂျီမင်။..

”ဘာလဲ မျောင်လောင်းငါဒီမှာအိပ်နေသေးတဲ့ဟာကို...”

”အိပ်နေရင်း တစ်ခါထဲ သေသွားရမှာ ချီးမို့လို့ အိုဆာကာသြားခဲ့တာကို ဘာလို့ငါ့ကိုမခေါ်တာလဲ ”

”ရား...မင်းဘဲဘူဆန်ကိုသွားနေပြီးမှ အခုကျတော့မှလာစိတ်ဆိုးပြမနေနဲ့...”

”မင်းကကြိုပြောသင့်တာလေ အရင်ထဲကနှစ်ယောက်အတူတူသွားမယ်လို့တိုင်ပင်ထားခဲ့တာကို..”

”မင်းဘဲငါ့ကိုအရင်ပြစ်ထားခဲ့တာလေ အခုလဲငါ့အဒေါ်စိတ်ကြည်တုန်းလွှတ်တဲ့အချိန်မို့ငါအသာတကြည်သွားရတာနော်.....မသိဘူးဘာမှလာမပြောနဲ့တော့ အခုငါအိပ်ရေးပျက်တယ် ထပ်အိပ်အုံးမှာ..”
ထယ်ယောင်း မပွင့်တပွင့်မျက်လုံးများဖြင့် ဂျီမင်အား ရန်တွေ့ကာထပ်အိပ်ရန်ပြင်သည်။..

”ရား...ကင်မ်ထယ်ယောင်း မင်းကကွာမအိပ်နဲ့ငါမင်းကိုအရေးတကြီးပြောစရာရှိလို့ ထ ဟျောင့်....”

”ဘာလဲကွာဂျီမင်ရာ ပြောချင်ရင် နောက်မှပြောအခုကဆက်အိပ်အုံးမှာ...”

”ငါအရေးတကြီးပြောစရာရှိလို့ပါဆိုနေဟာ..”

ဂျီမင်အလိုမကျသံလေးကြားမှ ထယ်ယောင်းဆူပုပ်ပုပ်ဖြင့်ထထိုင်သည်။..

”ဘာလဲကြာ ဂျိမင်ရာ ပြောဘာပြောမှာလဲပြော...”

"ငါပြောတဲ့စကားကို မင်းသေချာနားထောင်နော် ထယ်ယောင်း နောက်ပြီးလန့်မသွားပါဘူးလို့လဲ ကတိပေး..

”အွင်းကွာ..ပြောစရာရှိတာပြောပါ...”
အိပ်ချင်သည့် အရှိန်မသေသေးသည်မို့ ထယ်ယောင်း စိတ်မရှည်စွာပြော၏။..

ငါ..ငါလေဘူဆန်ကိုသွားတော့အ ေဖကပြောတယ် ငါအိမ်ထောင်ပြုရတော့မယ်တဲ့...”

”ဘယ္လို..”

”ဟုတ်တယ် ထယ်ယောင်းငါကျောင်းပြီးတာနဲ့လက်ထပ်ရမှာ မင်းအံ့သြသွားတယ်မလား..”
ဒီတစ်ခါမှာတော့ ခေါင်းတဆက်ဆက်ငြိမ့်လာသည်က ထယ်ယောင်း။
ဂျီမင်နှင့်ယောင်းက ငယ်သူငယ်ချင်းတွေ နောက်ပြီး ယခုကနောက်ဆုံးနှစ်ကျောင်းသားများဖြစ်ပြီး ဂျီမင်ပြောပုံအရ ဂျီမင်ဟာနောက်နှစ်ဆိုလက်ထပ်ရတော့မည်တဲ့။..

JEON  AND JEON'S  HONEY (Completed)Where stories live. Discover now