part 9

3.4K 247 19
                                    

unicode

နှစ်ပတ်လောက်ကြာသည်အထိ ချစ်ရသူနဲ့ အတူတူတပူးပူးတတွဲတွဲရှိလိုက်မိသည်နှင့် ယခုဆိုဂျောင်ကုအတွက်တစ်ယောက်ထဲနေရသည်က လုံးဝအဆင်မပြေတော့ပေ။
အဒေါ်ဖြစ်သူ ပြန်ခေါ်သည်မို့ ကလေးဟာ သူ့အိမ်သူပြန်သွားပြီဖြစ်သည်မို့ ဂျောင်ကုမှာ တငေးငေး တငိုင်ငိုင်နှင့် တကယ်နေလို့ထိုင်လို့ပင်မကောင်းတော့။ ကြားထဲ ခနခနဖုန်းပြောဖြစ်ပေမဲ့လဲ ဂျောင်ကု မတင်းတိမ်နိုင် ဒီဂျစ်တူးလေးအား စက္ကန့်မလပ်မြင်တွေ့နေချင်ပါသည်ဟုပြောလျှင် လောဘကြီးရာပင်ကျမလားမသိ။
ပိုဆိုးသည်က ကလေးဟာ နောက်အပတ်ဆို စာမေးပွဲကြီးအတွက် ပြင်ဆင်ရတော့မည်မို့ ကျောင်းပြန်တက်ရတော့မည်။ ဒီကြားထဲ တွေ့ဖို့ခက်သွားရသည်မို့ ဂျောင်ကု တကယ်စိတ်ညစ်ရပြန်သည်။...
အတွေးညစ်ညစ်နှင့်အတူ ကုတင်ထက်ခြေချထိုင်နေရင်းမှ ဆံပင်တို့အား စိတ်ရှုပ်စွာ ထိုးဖွလိုက်မိတော့ အချိန်ကိုက်ဝင်လာသည့် ကလေးဆီမှ ဖုန်းဖြစ်သည်။..

”ring...ring..”

”ကလေးလေး..”
မိမိဟာ ပိုလွမ်းနေရသူမို့ ဂျောင်ကု တစ်ဖက်မှအသံကိုပင်မစောင့်နိုင် ချက်ချင်း ချစ်ရသူအားခေါ်မိတော့သည်။..

”ဂျွန်..ဘာလုပ်နေတာလဲဟင်...ယောင်းကဂျွန့်ကိုသတိရနေတာ..”

”ဘာလုပ်ရမှာလဲ ကလေးရာ ကလေးကိုလွမ်းနေတာပေါ့ ကလေးသင်ပေးသွားလို့ ကိုယ်အခုဆိုတစ်ယောက်ထဲတောင် မနေတတ်တော့ဘူး ဒါကို ကလေးလေးသိရဲ့လား..”

လွမ်းဆွတ်နေသည့် ဒဏ်အား မခံမရပ်နိုင်စွာ ပြောမိတော့ တစ်ဖက်မှ အချစ်ကလေး၏ရယ်သံသဲ့သဲ့ဟာ လေလှိုင်းကြားပြန်လွင့်လာသည်မို့ ဂျောင်ကုရင်ထဲမှာ နွေးခနဲပင်။

…မရယ်နဲ့ ကလေး..အဲ့လိုဖြစ်အောင် မင်းလေးလုပ်သွားတာလေ..”

”ဂျွန်ကလဲ ယောင်းလဲ လွမ်းပါတယ် ဂျွန်ကိုကပိုနေတာ မတွေ့ရတာ ဘယ်နှရက်မှမရှိသေးဘူးလေ..”

”ကိုယ်ရက်တွေ နေ့တွေမတွက်တတ်ဘူး ကလေး ကိုယ့်အနားမှာ ကလေးကို တစ်စက္ကန့်လောက်မတွေ့တော့တာနဲ့ ကိုယ့်စိတ်ပျော်မနေတော့တာဘဲ ကိုယ်သိတယ်..”

JEON  AND JEON'S  HONEY (Completed)Where stories live. Discover now