unicode
နေ့လည်အပြန် ထယ်ယောင်း မပြန်ရဲတော့သည်မို့ ဂျောင်ကု ကားနှင့်ပင် ထယ်ယောင်း အိမ်ရှေ့ထိ လိုက်ပို့ပေးရသည်။..
ကံဆိုးသည်ခြင်း အစပြုသည်လား မပြောတတ် ထယ်ယောင်း တို့အိမ်ရှေ့ရောက်သည်နှင့် အိမ်ထဲမှ အပြင်သွားရန်ထွက်လာသည့် Mrs kim တစ်ယောက် တံခါးဝမှဂျောင်ကုနှင့် ထယ်ယောင်းအား မြင်သည်နှင့် အလိုမကျစွာပင် မျက်ခုံးတန်းနှစ်ခုတွန့်ချိုးသွားရသည်။..ထို့အတူ ခြေလှမ်းတို့အား ပုံမှန်လှမ်းလျှက်ပင် သူတို့နှစ်ဦးထံသို့လျှောက်လာလိုက်၏။”Mrs..kim ယောင်းက”
ထယ်ယောင်း ကားပေါ်မှဆင်းလိုက်ပြီး အကျိုးအကြောင်းပြောရန် ပါးစပ်ပြင်လိုက်ပေမဲ့ ထယ်ယောင်း စကားမဆုံးမှီထွက်လာသည့် Mrs kim ၏ စကားတစ်ချို့။..”ကင်မ်ထယ်ယောင်း အိမ်ထဲဝင်တော့..နောက်ပြီးဟိုကောင်လေး အဆင်ပြေတယ်ဆိုရင် အန်တီနဲ့စကားခနပြောပေးလို့ရမလား..”
ဂျောင်ကု ကိုပါဝေ့ဝဲကြည့်ရင်းပြောလာသည့် Mrs kim ၏ စကား။ သက်ဆိုင်သူ၏ အဒေါ်ဖြစ်သူမို့ ဂျောင်ကု ခေါင်းသာ တစ်ချက်ငြိမ့်ပြလိုက်သည်။အရင်တစ်ခါ ဒီကလေးမူးပြီးအိမ်သို့ရောက်လာခဲ့စဥ်က ပြန်အပို့မှာ သူမနှင့်တစ်ခါဆုံဖူးသည်မို့ ဂျောင်ကုအတွက် အရမ်းတော့မစိမ်းနေ။ သို့ပေမဲ့လဲ အရင်တစ်ခါနှင့်မတူသည်က သူမ၏အလိုမကျသည့် မျက်ဝန်းများပင်။
”ဒါရိုင်ဘာ ဆုန်း ကားကိုအိမ်ထဲပြန်သွင်းလိုက်တော့နော် ခနနေမှ အလုပ်ကိုပြန်သွားကြတာပေါ့ ကျွန်မဒီမှာ စကားပြောစရာရှိလာလို့”
သူမ အပြောသည့် ဒရိုင်ဘာဖြစ်သူမှာ ချက်ချင်းပင် ကားစက်အားရပ်လိုက်သည်။..
”ထယ်ယောင်း ကိုယ့်အခန်းထဲကိုသွား”
ဧည့်ခန်းအတွင်းသို့ရောက်သည်နှင့် ထယ်ယောင်း အားအကြည့်စူးစူးတစ်ချက်ပို့ရင်း ပြောလာသည်မို့ ထယ်ယောင်း အားကိုးရာ ဂျွန့်အား ကြည့်မိလိုက်သည်။ စိတ်မပူပါနှင့် ဟူသည့် သဘောဖြင့် ပြုံးြပလာသည့် ဂျွန့်ကြောင့် စိတ်မပါတပါဖြစ်သာ အခန်းထဲသို့ ဝင်လာခဲ့ရသည်။..”ထယ်ယောင်းနဲ့ချစ်ကြိုက်နေတယ်ဆိုတာ ဟုတ်လား..”
ခနတာ တိတ်ဆိတ်သွားသည့် အနေထားမှာ မိမိအရှေ့၌ထိုင်ရင်း မေးလာသည့် သက်ဆိုင်သူ၏အဒေါ်။..
![](https://img.wattpad.com/cover/331315095-288-k615080.jpg)
YOU ARE READING
JEON AND JEON'S HONEY (Completed)
Fanfictionကလေးက ကျွန်တေျာ့ဘဝရဲ့ တိမ်ဆိုင်လေး jjk+kth