unicode
တနေကုန်အဆင်ပြေပြေရှိသည့် ဂျောင်ကုနှင့်ထယ်ယောင်း၏ြပဿနာက အိပ်သည့်အချိန်မှစသည် ။
ငရစ်လေးက ဖက်စရာမရှိလျှင်မအိပ်တတ်ပါဘူးဟုဆိုကာ လူကိုအတင်းဖက်ထားသောကြောင့်ပင်။ ဂျောင်ကုဟာလဲ အဲ့လိုပွတ်သီးပွတ်ကပ်နေရသည်ကိုမကြိုက် ဒင်း လေးကလဲမရနှင့် ဒီညဟာ အိပ်ရောအိပ်ဖြစ်ပါ့မလားပင်မသိ။အရင်တစ်ခါက ဒင်းလေးမူးနေသည်မို့ အခွင့်ရေးပေးခဲ့တာ။ ယခုတော့ စိတ်ကျဥ်းကျပ်မခံနိုင်ပါ။"ငရစ်လေး မင်းငြိမ်ငြိမ်အိပ်ကွာ မဟုတ်ရင်ငါကန်ချမှာနော်"
"ယောင်းငြိမ်ငြိမ်လေးအိပ်နေတာဘဲလေ ဂျွန့်ဘာတာ အလိုမကျဖြစ်နေတာ"
"မင်းက ငါ့ခါးကိုဖက်မထားနဲ့လေ"
"ယောင်းမှဖက်စရာမပါရင်မအိပ်တတ်တာ.."
"ငါကလဲ အဲ့လိုပွတ်သီးပွတ်ကပ်ကြီးကိုမနေတတ်တာ"
"တစ်ခါတစ်လေးအိပ်တာကို အဖြစ်သည်းမနေပါနဲ့ဂျွန်ရာ ကလေးလဲမဟုတ်ဘဲနဲ့"
"ကျစ်..တကယ့်ကွိုင်ဘဲ"
ဂျောင်ကု စိတ်ညစ်ညူးစွာသုပ်တစ်ချက်သပ်လိုက်သည်။ အရေးနှင့်အကြောင်းဆို ဖက်လုံးထားမအိပ်တတ်သည့် မိမိကိုယ်သာအပြစ်တင်ချင်တော့သည်။
ခေါင်းအုံးမပါဘဲနှင့်လဲမအိပ်တတ်သူမို့ ထိုကလေးလက်ထဲအားလဲ ထိုးထည့်မပေးလိုက်နိုင်။"တော်တော့ အိပ်တော့ ဂျွန် ကလေ လူကြည့်တော့အေးစက်စက်နဲ့ တစ်ခါတစ်လေကျသိပ်ကိုစကားများလွန်းတာသိလား ဒီလိုဂဂျီဂကြောင်များပုံနဲ့ ဘယ်မိန်းမ လူကြီးကိုယူမှာလဲ"
ဆရာကြီးအထာနှင့်မာန်မဲသေည့်ငရစ်လေး စကားကြောင့်တွေးစစ ြဖစ်သွားရသူက ဂျောင်ကုရယ်ပင်။
"ဘယ်သူက မိန်းမယူမယ်ပြောလို့လဲ""ဒါဆိုယောကျာ်းယူမှာလား..."
"ကျစ်.. သိပ်စကားများတာဘဲကွာ မအိပ်ဘူးလားပြော မအိပ်ရင်တကယ်ကန်ချတော့မှာ"
"အိပ်ပြီ..အိပ်ပြီတကယ့်ထဲ "
ထယ်ယောင်း နှုတ်ခမ်းလေးဆူကာ ရန်ဆောင်လိုက်ပြီးမှ ဂျောင်ကုအား အကျအနပင်ခွကာအိပ်လိုက်သေးသည်။
လူကြီးက ဖက်အိပ်တာ မကြိုက်ဘူးဆိုပေမဲ့ ကျွန်တော်ကတော့ ဖက်စရာရှိမှ အိပ်ပျော်တတ်သည့်အမျိုးမဟုတ်လား။...