unicode
နောကိတစ်နေ့ မနက်အရောက်မှာ အလျင်စလိုနှင့်ပင် ဂျောင်ကု နှင့်ထယ်ယောင်း၏ မဂ်လာပွဲအား စီစဥ်ရပြန်သည်။ကိုယ့်နိုင်ငံမဟုတ်သည်လဲ ပါသည်မို့ မဂ်လာပွဲအား အကျဥ်းရုံးလေးပင် ဘုရားကျောင်းတစ်ခု၌ စီစဥ်ဖြစ်သည်။ ဒါဟာလဲ ယွန်ဂီဟျောန်း ၏ အကူညီကြောင့်ပင်။ လက်ထပ်မှတ်ပုံတင်ခြင်းအား အမိမြေသို့ ပြန်လည်ခြေချသည့်အခါမှ လုပ်မည်ဖြစ်သော်လဲ ကလေးနှင့်အတူ ကတိသစ္စာဆိုချင်သည်ကလဲ ဂျောင်ကု ဆန္ဒမို့ အရာအားလုံးယွန်ဂီကပင်စီစဥ်ပေးသည်။..
လူများများ စားစားမရှိပေမဲ့ ဂျပန်၌ရှိသည့် ယွန်ဂီ၏ လက်အောက်ငယ်သားများနှင့် အလုပ်နှင့်သက်ဆိုင်သည့် လူအနဲအကျဥ်းတက်ရောက်သည်မို့ မဂ်လာပွဲဟာ အထိုက်အလျှောက်တော့ စည်ပါသည်။ ဂျီမင်နှင့် ယွန်ဂီသည်လဲ ချက်ချင်း ဂျပန်သို့ရောက်ချလာသည်မို့ ထယ်ယောင်း သူငယ်ချင်းရှိသည်မို့ အရာရာအားငယ်၍ မနေခဲ့။..
ပကာသနတို့ မရှိသည့်တိုင် အဖြူရောင် suit အားဆင်တူဝတ်ဆင်ထားသည့် သတို့သားနှစ်ဦး။..တစ်ဦးမျက်နှာ တစ်ဦးကြညွကာ အပြုံးတို့ဟာလဲ အသောမသတ်နိုင်။
”သတို့သား..ဂျွန်ဂျောက်ကု သတို့သားကင်မ်ထယ်ယောင်းအား အသက်ထက်ဆုံးသစ္စာရှိရှိပေါင်းသင်းပါမည်လား...”
”yes...I do”
”သတို့သား ကင်မ်ထယ်ယောင်း သတို့သားဂျွန်ဂျောင်ကုအား အသက်ထက်ဆုံးသစ္စာရှိရှိပေါင်းသင်းပါမည်လား..”
”yes..i do”
အရင်နှင့်မတူစွာပင် လျင်မြနိစွာ ထွက်ပေါ်လာသည့် ထယ်ယောင်း၏ တုန့်ပြန်မှုလေးကြောင့် ဂျောင်ကုမှာ ပြုံးမိပြန်သည်။..
”အကြင်လင်မယား အရာရောက်သွားပြီမို့ သတို့သားနှစ်ဦး အကြင်နာပေးနိုင်ပါပြီ”
”kiss...kiss”
တရားပေးဆရာ၏ စကားဆုံးသည်နှင့် ထွက်ပေါ်လာသည့် အသံဟာ ဂျီမင်ဆီမှဖြစ်သည်။ ထယ်ယောင်းမှာ ဂျီမင့်အသံကြောင့် နဂိုရှက်နေသည့် စိတ်နှင့်ပါ မျက်နှာပြင်တစ်လုံး ပူထူလာရသည်။..
”ကလေး..ချစ်တယ် ”
အနားသို့ ကပ်လာသည့် ဂျွန်ဟာ..ထိုစကားတစ်ခွန်းအား ပြောလာသည်။ ထို့နောက် တဖြေးဖြေး ငုံချလာသည့် မျက်နှာနှင့်အတူ ထိတွေ့လာနှင့် ဂျွန့် နှုတ်ခမ်းပါးဟာ မိမိနှုတ်ခမ်းနှင့်တစ်ထပ်တည်း။ မျက်ဝန်းကလေးများ မှိတ်ယှက်ရင်း ကျေနပ်စွာ ခံယူမိပြန်တော့ တရစ်ရစ်တိုးလာသည့် အနမ်းယဥ်ကြောဟာ အတော်ပင် ကြာလိုက်သည်နှင့်တူပါသည်။ ထို့နောက် ရောက်လာသည့် လူအနဲစု၏ လက်ခုပ်တီးသံဟာလဲ ထယ်ယောင်း နားထဲ ကြားတစ်ချက်မကြားတစ်ချက်။...