part 21

3.2K 200 7
                                    

unicode

အိုဆာကာ၏ အလှအပများကြား လက်ချင်းတွဲကာ လည်ပတ်နေကျသည့် စုံတွဲနှစ်တွဲ တစ်တွဲဟာ ဂျောင်ကုနှင့် ထယ်ယောင်းဖြစ်သလို နောက်တစ်တွဲဟာ ယွန်ဂီနှင့်ဂျီမင်တို်အတွဲ အရင်လို ခနခနအငြင်းပွားတတ်တာမျိုးမရှိတော့သည်တိုင် ဂျီမင်သည်လဲ ယွန်ဂီအပေါ် သံယောဇဥ်တွယ်နေပြီဖြစ်သည်။..

ဂျပန်နိုင်ငံ၏ မီးဖိုချောင်ဟုတင်စားခေါ်ဝေါ်ရသည့်မြို့ဖြစ်သည်မို့ တစ်နေကုန်စားလိုက်သွားလိုက်နှင့်ထယ်ယောင်းနှင့်ဂျီမင်မှာ ပျော်မဆုံး။ ဘေးမှ သက်ဆိုင်သူများဝါလဲ သူ့အသဲအသက်တို့ကြောင့် နှုတ်ခမ်းထက်အပြုံးကိုယ်စီချိတ်ဆွဲလို့နေသည်။..
အိုဆာကာ မြို့၏ သမိုင်းကြောင်းအစုံအား ဖော်ပြထားသည့် အိုဆာကာ ရဲတိုက်ကြီးဆီသို့ ရောက်သည့်အခါ ထယ်ယောင်းနှင့်ဂျီမင်ဟာ တအံ့တဩနှင့်စပ်စုနေကြပြန်သေးသည်။

အိုဆာကာ မြို့၏ သမိုင်းကြောင်းအစုံအား ဖော်ပြထားသည့် အိုဆာကာ ရဲတိုက်ကြီးဆီသို့ ရောက်သည့်အခါ ထယ်ယောင်းနှင့်ဂျီမင်ဟာ တအံ့တဩနှင့်စပ်စုနေကြပြန်သေးသည်။

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.


”ဂျွန်...အိုဆာကာရဲတိုက်ကြီးကို ၁၆ရာစုမှာtoyotomi hifeyoshiဆိုတဲ့လူကတည်ထောင်ခဲ့တာတဲ့ဒါပေမဲ့လဲစစ်ပွဲတွေကြောင့်ရဲတိုက်ကြီးကိုအကြိမ်ကြိမ်ပြန်လည်မွမ်းမံခဲ့ရတယ်တဲ့ ၁၈ရာစုရောက်တော့ အိုဆာကာက စက်မှုနဲ့ကုန်သွယ်ရေးမှာ အာဏာကြီးမားတဲ့မြို့ကြီးဖြစ်လာတာတဲ့သိလား...”

သူစူးစမ်းရသမျှ မိမိအားပြန်ပြောနေသည့် ငရစ်လေးကြောင့် ဂျောင်ကုအပြုံးတို့ဟာ အသောပင်မသတ်နိုင်တော့။

အိုဆာကာရဲတိုက်ကြီး၏ ဘေး၌ရှိသည့်ပန်းခြံ၌ချယ်ရီပင်ပေါင်း ခြောက်ရာကျော်ဖြင့် ဖွဲ့စည်းထားသည့်ပန်းြခုံဟာလဲ အတော်ပင်လှပလွန်းသည်မို့ ထယ်ယောင်းမှာငေးလို့မဝ။

အိုဆာကာရဲတိုက်ကြီး၏ ဘေး၌ရှိသည့်ပန်းခြံ၌ချယ်ရီပင်ပေါင်း ခြောက်ရာကျော်ဖြင့် ဖွဲ့စည်းထားသည့်ပန်းြခုံဟာလဲ အတော်ပင်လှပလွန်းသည်မို့ ထယ်ယောင်းမှာငေးလို့မဝ။

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
JEON  AND JEON'S  HONEY (Completed)Donde viven las historias. Descúbrelo ahora