part 17

2.7K 209 6
                                    

unicode

ဘယ်လိုပင် အစိုးရအား လာဘ်ထိုးထားသည် ဖြစ်​ေစကာမူ တပါးနိုင်ငံ၏ နယ်စပ်ဖြစ်သည်မို့ အပြီးသပ်ရမည့်ကိစ္စဟာ မတွင်ကျယ်ဘဲ လိုသည်ထက်ပိုပြီးကျန့်ကြာနေရသည်။ နယ်စပ် ရောက်နေပြီက တစ်ပတ်ရှိပြီဖြစ်ပေမဲ့ ကလေးနှင့် အခုထိ အဆက်သွယ်လုပ်လို့မရသေး။ ပြတ်တောက်နေသည့် ဖုန်းလိုင်းက ဟိုခေါ်မရ ဒီခေါ်မရနှင့် ဂျောင်ကု အမှန်တကယ်ပင် စိတ်လေပါသည်။..
ဘာမှလုပ်မရသည့်အခြေနေမှာ တည်းခိုသည့် နေရာ၏ ချောင်ကျကျ အခန်းထောင့်လေးမှာ စီးကရက်တို့အား ဖွာရှိုက်နေလိုက်သည်က ဟိုငေးဒီဆွေး သူ့ကလေးလေးအကြောင်းအားလဲ တွေးရင်းနှင့်ပေါ့။ အဆက်သွယ်မလုပ်လို့ ဆူအောင့်အောင့် ဖြစ်နေမည့် ချစ်ရသူ၏ မျက်နှာလေးအား တွေးတောမိတော့ နှုတ်ခမ်းထက်အပြုံးတစ်ပွင့်ဟာ အထင်းသား။
တစ်ဆက်တည်း ပြန်ရောက်လျှင် ချစ်ရသည့်ကလေးနှင့်အတူ နှစ်ယောက်တစ်ဘဝထူထည်ရမည်ကို တွေးမိတော့ ရင်ထဲ၌ ကြည်နူးမှုက တသိမ့်သိမ့်။..

”ဆွေးလှချီလား..”

သစ်တိုသစ်စ များတစ်စွန်းတစ်စပြန့်ကျဲနေသည့် အခန်းကျယ်အတွင်း ဆွေးနေသည့် ဂျောင်ကု အနားသို့ရောက်ဘာရင်း မေးလာသည့် ယွန်ဂီ။..

”သတိရစရာလူရှိတော့ ဆွေးစရာလဲရှိလာတာပေါ့..”

”အဟက်...”

ဂျောင်ကု စကားအား သဘောကျသဖြင့် ဂျောင်ကု ပုခုံးအား တစ်ချက်ပုတ်လိုက်ရင်း ယွန်ဂီထိုအနားမှာပင် ဝင်ထိုင်လိုက်သည်။..

”ဒီနေရာက တောနဲ့နီးတယ်ထင်တယ် ဖုန်းလိုင်းက နဲနဲတောင်မရှိဘူး”

ဂျောင်ကု အတွေးတို့အား ရိပ်မိသည့် ယွန်ဂီထိုစကားပြောမိတော့  အောက်သို့ ခေါင်းငိုက်စိုက်ကျသွားရပြန်သည့် ဂျောင်ကု။

”အခုချိန်ဆို ကျွန်တော့ ကလေး သတိရပြီးငိုန​ေမလား ဒါမှမဟုတ်သူ့အဒေါ်နဲ့ စကားတွေများနေမလား ကျွန်တော်အဆက်သွယ်မလုပ်နဲ့ စိတ်ကောက်နေမလား သိချင်မိတယ်..”

”သိပ်မလိုတော့ပါဘူး နောက်ထပ်ရက်ပိုင်းလောက်ဆိုရင် ငါတို့ကိစ္စတွေ ပြီးပြတ်တော့မှာပါ..”

JEON  AND JEON'S  HONEY (Completed)Where stories live. Discover now