warning part ပါ မကြိုက်တဲ့ ငယ်လေးတို့ကကျော်သွားပေးပါနော်💜💜
unicode
”ဒီလိုလေး တွေ့ရဖို့ ဘယ်နရက်တောင် စောင့်ခဲ့ရလဲ သိလား”
အိပ်ခန်း ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်အားမော့ကြည့်နေသည့် အကောင်ပေါက်လေးအား ရင်ခွင်ထဲသို့ သိမ်းကျုံးဖက်ရင်း ပြောလာသည့် ဂျောင်ကု။
လက်ရှိရောက်နေသည်ကလဲ မိမိ၏အိပ်ခန်းမှာ။..”အွင်း...တစ်နှစ်ပတ်လား..နှစ်ပတ်လား အဲ့လောက်ကြာမယ်ထင်တယ်..”
ဂျောင်ကု အပြောကြောင့် ဟာသလေးနှောကာ ပြောလာသည့်ထယ်ယောင်း။
ဂျောင်ကု အလိုမကျစွာ မျက်ခုံးတန်းနှစ်ခု တွန့်ချိုးသွားကာ ထိုအကောင်ပေါက်လေး၏ ပုခုံးနှစ်ဖက်အား ဆုပ်ကိုင်ရင်း မိမိဖက်သို့လှည့်စေသည်။..”မနောက်နဲ့ ကလေး ကိုယ်အတည် လွမ်းနေခဲ့တာ..”
”ယောင်းလဲ..လွမ်းတယ်ဂျွန်..ဂျွန်ပြောသလိုဘဲ ဘယ်ယောက်ဘဲ အဆက်သွယ်ရှိရှိ ဂျွန်မျက်နှာလေးကို မမြင်ရရင် ယောင်းမပျော်ဘူး...”
”ဒါနဲ့များ ဘာလို့ ကိုယ့်ဆီလာဖို့မကြိုးစားတာလဲ..”
”ကြိုးစားတာပေါ့ ဂျွန်ရဲ့..ဒါပေမဲ့ Mrs kim က ယောင်းကိုမျက်စိဒေါက်ထောက်ကိုကြည့်နေတော့တာ ယောင်း သိပ်မွန်းကျပ်တာဘဲ ဂျွန်..တစ်ချိန်ချိန်မှာ အနာဂတ်အတွက် အလုပ်ရှိမှဖြစ်မယ်ဆိုပေမဲ့ ယောင်းမေမေနဲ့ဖေဖေချန်ခဲ့တဲ့ စီးပွားရေးတွေမလုပ်ချင်ဘူး”
”ကိုယ့်ကလေးက ဘာလုပ်ချင်သေးတာလဲ ကိုယ်တစ်ယောက်လုံးရှိနေတယ်လေ”
”Mrs kim က ယောင်းကို လုပ်ငန်းခွင်မှာစဝင်စေချင်နေပြီ”
”ကလေး သဘောကရော”
”ယောင်းမှ အဲ့အလုပ်တွေ စိတ်မဝင်စားဘဲ..”
စူအောင့်အောင့်လေးဖြင့်ထွက်လာသည့် ချစ်ရသူ၏ စကား။ သူအလိုမကျသည့်တိုင် မျက်နှာလေးဟာလဲ မှုန်ကုပ်နေသည်မို့ ဂျောင်ကု အသဲယားစွာဖြင့် နှာဖူးလေးအား အနမ်းဖွဖွလေးပေးမိသည်။..အလုပ်ဆိုပေမဲ့ ဤအရာဟာ ကလေးမိသားစုအရေးမို့ ဂျောင်ကု ဘာမှဝင်မပြောလို ကလေးသဘောကျသလိုသာ ဆုံးဖြတ်ပါစေဟုသာ တွေးတောလိုက်သည်။..
YOU ARE READING
JEON AND JEON'S HONEY (Completed)
Fanfictionကလေးက ကျွန်တေျာ့ဘဝရဲ့ တိမ်ဆိုင်လေး jjk+kth