unicode
.ထယ်ယောင်းတို့ပြန်သွားသည်နှင့်သူနှင့်ကိုယ့်ရာသီဥတုဟာ အလိုလိုအေးစက်စက်ကြီးြပန်ဖြစ်သွားပြန်တော့တာ ။
ဂျီမင်ဘေးမှ ေကြာင်မျက်နှာဘေးနှင့်လူအား ကြည့်မိပြန်တော့ စတွေ့တုန်းကအတုပင်းပင် မှုန်ကုပ်ကုပ်ရယ်။”အဟမ်း...”
ပွဲတစ်လျှောက် ဘာမှဟုတ်တိပတ်တိမပြောရသေးသည်မို့ ဂျီမင် ချောင်းဟန့်လိုက်တော့ လှည့်ကြည့်လာသည့် ေကြာင်ကြီး။
”ဘယ်အချိန်ပြန်မှာလဲ...”
ဘာရယ်မဟုတ် ပြောစရာရှာမရသည်မိူ့ ဂျီမင်ထိုမေးခွန်းအားမေးမိလိုက်ခြင်းပင်။..
”မင်းကိုယ့်ကို သိပ်နှင်တာဘဲနော် ပေါက်စလေး..”
ပေါက်စလေးဟူသည့် အသုံးနှုန်းကြောင့် ဂျီမင့်မှာ မျက်မှောင်ကျုံ့မိလျှက်သား။ ဘယ်လိုတောင်အဆီငေါ်မတည့်သည့်စကားလဲ ကိုယ့်ကိုပေါက်စလေးပြောရအောင် ခင်ဗျားကရော ဘယ်လောက်ထွားနေသလဲ ဂျီမင်မေးလိုက်ချင်ပါသည်။ သို့ပေမဲ့လဲ မမေးရဲ ထိုကြောင်ကြီးမျက်နှာဟာ..တကယ့်မျက်နှာသေကြီးနှင့်မလား။
”အဲ့လိုမဟုတ်ပါဘူး..ဒီတိုင်းပွဲလဲပြီးပြီမလား အဲ့တော့ ပြန်ချင်ပြီလားလို့မေးတာပါ..”
„အဟက်..တကယ်ပါဘဲ”
ယွန်ဂီ ရယ်လိုက်သည်မို့ ဂျီမင် ခပ်တွေတွေလေးကြည့်မိလိုက်တော့။„ကိုယ်တို့နှစ်ယောက် အေးဆေးစကားပြောကြမလား..”
”ဟမ်..”
ဂျီမင့် အူတူတူအတွေးတို့အားရှေ့ဆက်ခွင့်မပေးတော့ဘဲ ယွန်ဂီ သူ့ပေါက်စလေး၏ လက်ကလေးအား အသာဆွဲရင်း ခေါ်လာမိသည်က ဂျီမင်တို့အိမ်၏ ပန်းခြံလေးရှိ နှစ်ယောက်ထိုင်အုတ်ခုံလေးပေါ်မှာ။..
ထိုင်ခုံလေးပေါ်၌ နေရာတကျဖြစ်သည်နှင့် စကားစလာသူက ယွန်ဂီပင်။..”အခုထိ စိတ်ပိုင်းမဖြတ်ရသေးဘူးလား ပေါက်စလေး..”
”ဘာကိုလဲဟင်”
ဂျီမင် ယွန်ဂီမေးခွန်းအား နားမလည်စွာမေးမိသည်။
”ယောကျာ်းတစ်ယောက်ကို လက်ထပ်ဖို့လေ မငိးလဲယောကျာ်းတစ်ယောက်ဖြစ်နေတယ်မလား..”
YOU ARE READING
JEON AND JEON'S HONEY (Completed)
Fanfictionကလေးက ကျွန်တေျာ့ဘဝရဲ့ တိမ်ဆိုင်လေး jjk+kth