unicode
နွေဦး၏ ညတာဟာ ဒီလောက်ထိ ရှည်လျားလိမ့်မည်ဟု ထယ်ယောင်းဘဝမှာ မထင်ခဲ့ရိုးအမှန်။ တစ်ယောက်ထဲ အိပ်စက်ရသည့် ညတာက တကယ်ကို လောက၏ ငရဲ။ တကယ်တော့ ဂျွန်က သူ့အား စိတ်ဆိုးနေခြင်းပင်။ ကိုယ်ကလဲ ကိုယ်ရယ် ဂျွန်ဘယ်လောက်တောင် မိမိအပေါ် ချစ်လိုက်သလဲ သိရဲ့နဲ့ ဂျွန့်အပေါ် ဆိုးမိခဲ့တာ။..
flash back...
ရုံးဖွင့်ရက်မို့ ဂျွန်တစ်ယောက် အလုပ်ရှုပ်နေမည်ကို သိသည်မို့ ထယ်ယောင်း ဂျွန့်အတွက် နေ့လည်စာပြင်ဆင်ရင်း ဂျွန် ရုံးခန်းရှိရာသို့ ရောက်လာခဲ့သည်။ ပုံမှန်ဆို ထယ်ကူးလေး ဝေယျာဝစ္စတို့ဖြင့် ဂျွန့်အား နေ့လည်စာ မပို့အားပေမဲ့ ဒီကနေ့မှ ထူးထူးဆန်းဆန်း စိတ်ရွှင်နေသည်ကြောင့် ဂျွန့်ဆီသို့ထွက်လာခဲ့မိတာ။..
”ဂျွန်....”
”ဟင်...”
ဂျွန့် ရုံးခန်းတံခါးအားဖွင့်လိုက်သည့်အခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ထယ်ယောင်း အံဩမှုနှင့် ဝမ်းနည်းမှုတို့ဟာ တစ်ပြိုင်နက်ထဲ လှိမ့်တက်လာရသည်။ ဂျွန်ရင်ခွင်ထဲမှာ အတွင်းရေးမှုးဆိုသည့် မိန်းကလေးက ရှိနေပြီး ဂျွန်က လဲ ထိုမိန်းကလေး လက်မောင်းနှစ်ဖက်ကို ကိုင်တွယ်ထားသေးတာ...
”ကလေး....ကလေးအထင်လွဲတာ ကလေးထင်သလိုမဟုတ်...”
”ဖြောင်း...”
ဂျောင်ကု စကားတို့မဆုံးလိုက်မှီ ထိုမိန်းကလေး၏ ပါးပြင်ပေါ်သို့ ထယ်ယောင်းလက်ဝါးက မိတ်ဆက်လျှက်သား။ ဒီအချိန်မှာ ေဒါသထွက်နေသည်မှ လွှဲ၍ ထယ်ယောင်းစိတ်ထဲ ဘာမှရှိမနေတော့တာ။..
”ယောင်း...မင်းဘယ်လိုလုပ်လိုက်တာလဲ..”
”ပါးရိုက်လိုက်တာလေ ခင်ဗျားမမြင်ဘူး..သူများလင်ကို အချောင်နှိုက်ချင်နေတဲ့ ကောင်မ...”
”ထယ်ယောင်း...မင်းတော်လိုက်တော့...”
ထပ်ရိုက်ရန် ရွယ်လိုက်ပေမဲ့ ဟန့်တားလာသည့်ဂျွန်ဟာ မိမိလက်ကောက်ဝတ်အား ထိန်းချူပ်လိုက်သည်။..”မင်းကိုယ့်ကို မယုံကြည်ရင်တောင် တစ်ဖက်မိန်းကလေးရဲ့ ကိုယ်ကျင့်သိက္ခာကို ငဲ့ညာသင့်တယ် သူခြေခေါက်လဲမလိုဖြစ်သွားလို့ငါက ထိန်းပေးလိုက်တာ အဲ့တာကိုမင်းသိရဲ့လား... ဘဝမှာ ပထမဆုံးအကြိမ် ကိုယ်မင်းကို သိပ်စိတ်ပျက်တာဘဲ ထယ်ယောင်း..”
YOU ARE READING
JEON AND JEON'S HONEY (Completed)
Fanfictionကလေးက ကျွန်တေျာ့ဘဝရဲ့ တိမ်ဆိုင်လေး jjk+kth