part 15

2.7K 223 11
                                    

unicode

မနက်ဖြန် ဂျပန်နယ်စပ်သို့သွားရမည်မို့ ဂျောင်ကု စိတ်တို့ဟာ ဂနာမငြိမ်ဖြစ်နေရသည်။ အကြောင်းမှာ ယခုထိ ကလေးနှင့်မတွေ့ရသေးသည်ကြောင့် တစ်ပတ်မှနှစ်ပတ်အထိ ကြာနိုင်သည်မို့ မသွားခင် ကလေးမျက်နှာလေးအား ြမင်ချင်သည်က မိမိ၏ ဆန္ဒအမှန်ပင်။..ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သွားတွေ့လျှင် ရနိုင်ပေမဲ့ ကလေးမလိုလားမည်ဖြစ်သောကြောင့် ဂျောင်ကု မသွားဖြစ်သည်။..
စိတ်ညစ်ညစ်ဖြင့် ကုတင်ခြေရင်း ခြေဆင်းထိုင်ချကာ ဘီယာတစ်ဗူးအား..သောက်နေမိသည်ကလဲ အတော်ကြာပြီဖြစ်သည်။..

”ring...ring..”

အတွေးကောင်းနေစဥ် ရုတ်တရင်မြည်လာသည့်ဖုန်းသံကြောင့် ငိုက်စိုက်ကျနေသည့် ဂျောင်ကု ခေါင်းဟာ ချက်ချင်းထောင်မတ်လာရသည်။ မိမိဖုန်းနံပါတ်အား သိသည်ကယွန်ဂီဟျောန်းနှင့် ထယ်ယောင်း နှစ်ယောက်ထဲသာ ရှိသည်။ ယွန်ဂီဟျောန်း ဟာ ဘယ်တော့မှ ညဘက်ဖုန်းမဆက်တတ်သူမို့ ဝင်လာသည့် ဖုန်းဟာ သေချာပေါက် သူ့ကလေးသာဖြစ်မည်။..ထိုအချိန်ထိ ဂျောင်ကုဟာ..မိမိသွားရမည့်အကြောင်းအားပြောဖို့ရာ တွန့်ဆုတ်နေဆဲပင်။

”ကလေး...”

”ဟင့်....ဂျွန်”

ဖုန်းကိုင်လိုက်သည်နှင့် တစ်ဖက်မှထွက်လာသည့် ရှုိက်သံလေးနှင့် အသံသေးသေးလေး။

”ကလေး...ဘာဖြစ်လို့လဲ ဘာလို့ငိုနေတာလဲကွာ..”
ရှုိက်သံလေးများပင်ထွက်လာသည်မို့ ဂျောင်ကု ရင်ထဲ အပူလှိုင်းလေးြဖတ်ပြေးသွားရသည်။..

”ဂျွန်...ဂျွန်က နေနိုင်တယ် ယောင်းကို ဖုန်းလေးတစ်ခါတောင်မဆက်ဘူး...”

”ဟာ..ကလေးရာ..”
ရင်တမမနှင့်မေးမိကာမှ မိမိဖုန်းမဆက်၍ငိုနေပါသည်ဟူသည့် ကလေးကြောင့် မိမိမှာ သက်ပြင်းသာအသာချလိုက်ရသည်။..တနေကုန် သူ့မှာ ဒီကိစ္စကြီးကြောင့် ပြောမထွက်သည်မို့ ထိုင်ငိုင်နေသည်က အခုထိပင်မလား။

”ဂျွန်...ယောင်းကိုမေ့နေလို့လားဟင် ဟိုတစ်နေ့ Mrs kim နဲ့တွေ့ပြီးထဲက ဂျွန်အချိုးတွေပြောင်းနေခဲ့တာ..”

”ကလေးထင်သလို မဟုတ်ရပါဘူးကွာ ကလေးလဲသိတယ်မဟုတ်လား ကလေးအဒေါ်က ကိုယ်နဲ့ကလေးရဲ့ပတ်သက်မှုကိုသဘောမကျဘူးဆိုတာ..”

JEON  AND JEON'S  HONEY (Completed)Hikayelerin yaşadığı yer. Şimdi keşfedin