part3

4.7K 319 11
                                    

unicode

မဆုံချင်သော ရေစက်တစ်ချို့ဟာ..တစ်ခါတစ်ရံ မိမိထံသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတတ်ပြီး သံသရာတစ်လျှောက် ထိုရေစက်လေးအားမဖြတ်တောက်နိုင်တော့သည်အထိ စွဲထင်ကျန်စေသည့်အမျိုး။

ဒီကနေ့နှင့်ဆို ဂျောင်ကု အိမ်ထဲမှအိမ်ပြင်မထွက်ဖြစ်သည်က သုံးရက်ခန့်ပင်ရှိရော့မည်။ ဟိုတစ်နေ့က ငရစ်စိန်လေးအား အိမ်ပြန်ပို့ပြီးသည့်အချိန်မှစ၍ ဘယ်မှမသွားဖြစ်။ တသ်ကိုယ်ရည်တစ်ကာယသမားဖြစ်သည့်အလျှောက် ဂျောင်ကုအတွက် အလုပ်တစ်ကြိမ်လောက်လုပ်ပြီးသည်နှင့် သုံးလလောက်အေးဆေးထိုင်စားလို့ရသည့်အခြေနေ။ ရှင်းရှင်းပြောလျှင် ဒီနှစ်တွေအတွင်းရှာထားသမျှဟာ တစ်သက်လုံးထိုင်ဖြုန်းနေယုံပင်ရသည့်အခြေအနေမှာ။..

"ring...ring.."

ဝီစကီတစ်ခွက်အား ဇိမ်ပြေနပြေထိုင်သောက်နေမိသည်က အိမ်ရှေ့ဝရန်တာဖက်မှာ။ လူရှုပ်ရှုပ်နှင့်နေရသည်ကိုမကြိုက်သည့်ဂျောင်ကု အိမ်ဟာ ရပ်ကွက်၏ အစွန်ဆုံး၌ရှိသည်မို့ ပတ်ဝန်းကျင်ဟာ တိတ်တိတ်ဆိတ်ဆိတ်နှင့်...

ring...ring...
ထိုတိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်အား ဖြိုခွင်းလိုက်သည်ကညဂျောင်ကု၏ ဖုန်းသံ လက္လက္စ ဝိစကီခွက်အား ဝရန်တာလက်ရန်းပေါ်သို့တင်လိုက်ရင်း ဘောင်းဘီအိတ်ထဲမှ ဖုန်းအား ယူကြည့်လိုက်တော့ ခေါ်ဆိုလာသူက ယွန်ဂီဟျောင်း...

"ပြော...ဟျောင်း.."
ဂျောင်ကုဖက်မှ စပြောမိတော့ တစ်ဖက်မှ ရယ်သံသဲ့သဲ့ဖြင့်​ေမးလာသည့် ယြန္ဂီ။

"ငါ့ကောင်ကြီး အခုတလောငြိမ်လှချီလား အားနေရင်လာဆီလာခဲ့တိုင်ပင်စရာတွေရှိတယ်"

"ဟျောင်းမှာ အရေးတကြီးကိစ္စရှိနေတာလား"

"အင်းအဲ့လိုဘဲပြောရမှာပေါ့ အခုတော့အရမ်းအရေးမကြီးသေးပေမဲ့ ငါ့ဘဝအတွက်တော့အရေးကြီးတဲ့ကိစ္စတစ်ခုလို့တော့ပြောလို့ရတယ်"
ယြန္ဂီ စကားကြောင့် ဂျောင်ကုမျက်ခုံးတစ်ဖက်ပင် ပင့်သက်သွားရသည်။ ယွန်ဂီဟျောင်းဆိုသည်ကလဲ သူ့လိုပင် တောင်ရုံကိစ္စခေါင်းထဲထည့်တတ်သူမဟုတ်သည်မို့ အခုကိစ္စဟာ အရေးပါသည့်အရာ သို့မဟုတ်အရေးကြီးသည့်ကိစ္စတစ်ခုဂျောင်ကု မှတ်ယူလိုက်သည်။

JEON  AND JEON'S  HONEY (Completed)Where stories live. Discover now