unicode
”ဂျွန်...ယောင်းအဲ့ကားမကြိုက်ဘူးပြောင်းပေး”
ဧည့်ခန်း၏ ဆိုဖာထက် အသာယာဇိမ်ယူရင်း ရုပ်သံလှိုင်းမှ movie တစ်ခုအား ကြည့်နေသည့်ထယ်ယောင်း။ ဘေးမှလဲ laptopတစ်လုံးနှင့် အလုပ်ရှုပ်နေသည့် ဂျောင်ကုအား ခိုင်းလိုက်သည်။..
အလိုလိုက်အကြိုက်ဆောင်ကာ ဂျောင်ကု မအားသည့်ကြားမှ ထယ်ယောင်း ကြည့်ချင်သည့် ရုပ်သံလိုင်းအား ပြောင်းပေးရပြန်သည်။
ငြုိငြင်လို့လဲ မဖြစ် ယခုအချိန်ဟာ အိမ်ထောင်သက်တမ်း တစ်နှစ်နှင့် နှစ်လရှိပြီဖြစ်သလို လုံးဝန်းဝန်းထယ်ယောင်း၏ ဗိုက်ကလေးထဲ၌ ဂျွန်ထယ်ကူးလေးဟာ နေ့စေ့လစေ့နှင့် မွေးဖို့ရာပင်နီးကပ်လာပြီဖြစ်သည်။ကလေးယူသည့် ကိစ္စနှင့်ဆပ်လျဥ်း၍ ကတောက်ကဆဖြစ်ခဲ့ကြပေမဲ့ မနေနိုင်သည့်အဆုံးမှာ ဂျောင်ကုကပင် သူချစ်ရသူအား အလိုလိုက်ခဲ့ရတော့တာ။ ထယ်ကူးလေး ကိုယ်ဝန်စရှိသည့် နေ့မှစ၍ ဆိုလ်း၌ရှိသည့် ထယ်ယောင်း၏ အဒေါ်အိမ်၌ပင်ပြန်လည်အခြေချခဲ့ကြသလို kim လုပ်ငန်းစုဟာလဲ ဂျောင်ကု ခေါင်းပေါ်သို့အလိုလိုရောက်လာခဲ့တော့တာ။ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်သည့်တိုင် ထိုတာဝန်တို့နှင့်အတူ ပိုက်ဆံရှာခြင်းအလုပ်အား လုပ်ရသလို အိမ်သူသက်ထား၏ ဆိုးခြင်းအဝဝဟာလဲ ဂျောင်ကု ခေါင်းပေါ်မှာ။ ချစ်လို့ယူထားသည်ဘဲမလား သူ့ကလေးစိတ်ကြိုက်ဆိုးပါစေ ဒီလူဟာ တစ်သက်လုံး ထိုအဆိုးအပေလေးအား ချစ်နေအုံးမှာ။..လရင့်လာသည့်ကိုယ်ဝန်ကြောင့် ဂျောင်ကုမှာ ကုမ္ပဏီသို့ ကိုယ်တိုင်မသွားနိုင်တော့ဘဲ လက်ထောက်နှင့်သာလွှဲထားရင်း အိမ်၌သာစီမံရသည်။
အလုပ်လက်စ သပ်ပြီးသည်နှင့် ထယ်ယောင်းအနားသို့ တိုးကပ်ထိုင်လိုက်သည့်ဂျောင်ကု စားပွဲပေါ်ရှိ ထယ်ယောင်းကြိုက်သည့် မုန့်ကလေးအား ဖောက်လျှက် အသာေလးခွန့်ကျွေးလိုက် တော့ တီဗွီအားအကြည့်မပျက်ဘဲ သူ့ကျွေးသည့်မုန့်အား စားလာသည့် ထယ်ယောင်းကြောင့် ဂျောင်ကုမှာ ချစ်မဝစွာဖြင့် ပါးဖောင်းဖောင်းတို့အား နစ်ဝင်သည်အထိ နမ်းရှုံလိုက်သည်။
”ဂျွန်..”
”ဗျာ...”
ခေါ်လိုက်တိုင်းအမြဲကြားနေရသည့်တုံပြန်သံလေးကြောင့် ထိုအသံပိုင်ရှင်၏ ရင်ခွင်ထဲသို့ ခေါင်းလေးတိုးဝင်လိုက်မိတော့ ခန္ဓာကိုယ်လေးအား သိမ်းကျုံးဖက်တွယ်လာသည့် ဂျောင်ကု၏ လက်တွေ။.