unicode
ညနေတုန်းက ကလေးကိစ္စကြောင့် ဂျောင်ကုနှင့်ထယ်ယောင်း ညရောက်သည်အထိ စကားမပြောဖြစ်သေး။ ဒါဟာလဲ တစ်ယောက်နှင့်တစ်ယောက် စိတ်ခုစိတ်ဆိုးနေကြသည်မျိုးမဟုတ်ဘဲ...နှစ်ယောက်စလုံးအတွေးနယ်ကျွံနေခြင်းကြောင့်သာ။..
အိပ်ယာဘေးရှိ မှန်တင်ခုံ၌ ထိုင်ရင်း ထယ်ယောင်း တွေးတောနေမိသည်ကလဲ အချိန်တစ်ခုကြာသည်အထိ။ တကယ်ဆို ထယ်ယောင်းဟာ ကလေးသိပ်လိုချင်ပါသည်။ ကလေးချစ်တတ်သူပီပီ ကလေးလဲသိပ်လိုချင်သည်။..”ကိုယ်တိုင်မွေးပေးမယ်လို့ပြောတဲ့ဟာကို လက်မခံဘူး အောက်ကလဲ နေပေးရသေးတယ် ကလေးလဲမွေးပေးရအုံးမှာကို အလကား ဇီဇာကြောင်နေတဲ့လူကြီး..”
ရေချိုးခန်းထဲသို့ ဝင်နေသည့်ဂျောင်ကုအား မကျေမနပ်နှင့် ရေရွတ်နေသေးပြန်သည့် ထယ်ယောင်း။ ပါးစပ်မှလဲ တွတ်ထိုး သလိုပွစိပွစိနှင့် ပြောလို့မပြီးတော့..
ထိုအချိန် ရေချိုးခန်းတံခါးအား ဖွင့်ပြီးထွက်လာသည့်ဂျောင်ကု အောက်ပိုင်းတဘက်တစ်ထည်သာ ပတ်ထားသလို စိုနေသည့် ဆံပင်တို့အား တစ်ပတ်တစ်ထည်ဖြင့်သုတ်နေသည်။
ထယ်ယောင်း မှာတော့ ဂျောင်ကုအား တစ်ချက်သာ စိုက်ကြည့်ရင်း မျက်စောင်းကြီးခဲကာ တစ်ဖက်သို့လှည့်သွား၏။..”ကလေး...”
”ဘာလဲ...”
အလိုမကျသည့် မျက်နှာထားအား ရိပ်မိသည်နှင့် ဂျောင်ကု ခြေလှမ်းကျဲကြီးများဖြင့် ထယ်ယောင်းအရှေ့သို့ရပ်ကာခေါ်သည်။..”ဘာတွေ အလိုမကျဖြစ်နေပြန်တာလဲ ကိုယ့်ကိုပြောပါအုံး..”
”ဘာကိုအလိုမကျဖြစ်ရမှာလဲ ဒီတိုင်းဘဲ”
”ကလေးကလဲ ကွာ ကိုယ်မချော့တတ်တာသိရဲ့နဲ့ အဲ့လိုကြီးအမြဲဆူပုပ်နေတော့မှာလား..”
”ဘယ်မှာ ဆူပုပ်နေလို့လဲ ဂျွန်နော် ရန်လာမစနဲ့စိတ်မကြည်ဘူး..အေးဆေးနေ”
”ဟော...ခုတောင်အလိုမကျဖြစ်သွားပြန်ပြီလေ..ပြော ကလေးဘာလိုချင်တာလဲ ကိုယ့်ကိုပြော...”
”ဘာမှလဲ မလိုချင်ဘူး ဘာမှလဲမလုပ်ချင်ဘူး ဂျွန်လဲ ယောင်းကိုစကားလာမပြောနဲ့”