unicode
နှစ်ရက်တိတိ ဂျောင်ကုအိမ်၌ နေပြီးတော့ ထယ်ယောင်းနှင့် ဂျောင်ကု ဆက်ဆံရေးဟာ အတော်ပင်ရင်းနှီးသည့် အနေအထားသို့ရောက်နေပြီြဖစ်သည်။..
”မနက်ဖြန် ပြန်တော့မှာလား...”
မမေးချင်ပေမဲ့လဲ မေးရမည့်မေးခွန်း။ ဧည့်ခန်း၌အကျအနထိုင်ကာ frozen ကားကြည့်နေသည့် ထယ်ယောင်းအား ဂျောင်ကု မေးမိြခင်းြဖစ်သည်။..
ဂျောင်ကု မေးခွန်းအားကြားသည်နှင့် ဇာတ်ကားကြည့်နေတုန်းကနှင့်မတူစွာ ခပ်ညိုးညိုးြဖစ်သွားသည့် ထယ်ယောင်း၏မျက်နှာဟာ အနဲငယ်ဝမ်းနည်းရိပ်သန်းနေသလိုလိုပင်။”ဂျွန်က ြပန်စေချင်ပြီလား”
”ဟူး...”
ထယ်ယောင်းစကားကြောင့် ဂျောင်ကု သက်ပြင်းအားလေးတွဲစွာချလျှက် ထယ်ယောင်းဘေးသို့ဝင်ထိုင်လိုက်သည်။”ြပန်စေချင်တာမဟုတ်ဘူးလေကွာ မင်းအဒေါ်စိတ်ပူနေမှာတွေးမိလို့ပါ...နောက်ပြီးကျောင်းလဲ တက်ရအုံးမယ်မလား”
တကယ်ဆို ဂျောင်ကု ကိုယ်တိုင်လဲ မပြန်စေချင်ပေမဲ့ ကလေးဟာ မိသားစုနှင့်အသိုင်းဝိုင်းနှင်မို့ သူ့လိုတစ်ကောင်ကြွက်ဆိုလျှင် ကိစ္စမရှိပေမဲ့ လူကြီးမိဘတွေစိတ်ပူရမည့်အခြေနေကိုဂျောင်ကု သဘောမတွေ့ပါ။
”သေချာပါတယ် ဂျွန်ကယောင်းကိုပြန်စေချင်နေတာ”
”မဟုတ်ရပါဘူးဆိုကွာ... ”
ဂျောင်ကု ထယ်ယောင်းအနားသို့ တိုးရင်း ခေါင်းကလေးအား အသာပုတ်ကာပြောတော့ အရည်လဲ့နေသည့်မျက်ဝန်းများြဖင့် မော့ကြည့်လာသည့် ကလေးလေးက ဘာကိုဝမ်းနည်းလို့ ဝမ်းနည်းနေသည်မသိ။..”ring...ring...”
အချိန်ကိုက်ပင် စားပွဲပေါ်မှမြည်လာသည်က ထယ်ယောင်း၏ဖုန်း။ contant အားတစ်ချက်ကြည့်လိုက်တော့ ဂျီမင် ဖြစ်နေသည်မို့ ထယ်ယောင်း ကိုင်လိုက်သည်။..”ရား....ကင်မ်ထယ်ယောင်း မင်းဘယ်တွေလျှောက်သွားနေတာလဲ...”
ဖုန်းထဲမှအော်လာသည့် ဂျီမင်အသံဟာ စူးခနဲမို့ ထယ်ယောင်းဖုန်းအားနားခွာလိုက်မိသည်အထိ ဖြစ်သွားရသည်။ နားအူ မခံနိုင်သည်မို့ speaker အားဖွင့်လိုက်ရင်း အဝေးမှပင်ပြောလိုက်ရသည်။
YOU ARE READING
JEON AND JEON'S HONEY (Completed)
Fanfictionကလေးက ကျွန်တေျာ့ဘဝရဲ့ တိမ်ဆိုင်လေး jjk+kth