unicode
ထယ်ယောင်း နှင့်တနေ့လည်လုံးအချိန်ဖြုန်းပြီးသည့်နောက်မှာ နှစ်ယောက်သား အိမ်သို့ပြန်ခဲ့ကြသည်။ အိမ်ပြန်ရောက်ပြီး မကြာမှီပင် ဂျောင်ကုထံသို့ ဖုန်းအစိမ်းတစ်လုံးဝင်လာသည်မို့ ကိုင်လိုက်တော့ တခြားတော့ မဟုတ် အိုဆာကာမှ ကိစ္စမို့ ဂျောင်ကု ချက်ချင်းပင်တစ်နေရာသို့သွားရမည်ဖြစ်သည်။..
”ထယ်ယောင်း မင်းအိမ်မှာတစ်ယောက်ထဲနေရဲလား”
ရုတ်တရက်ကြီးမေးလာသည့် ဂျောင်ကုကြောင့် ထယ်ယောင်း တီဗွီကြည့်ေနရင်း မော်ကြည့်လာသည်။
”ဂျွန်ကအပြင်သွားမလို့လား ”
”အွင်း..အလုပ်ကိစ္စရှိတယ် အိမ်အပြန်နောက်ကျမှာမို့”
အရင်ကလိုဆို ကိုယ့်စိတ်တိုင်းကျ ဘာလုပ်လုပ် ဘာမှ ပြောမည့်သူမရှိပေမဲ့ ယခုငရစ်လေး အိမ်မှာရှိနေသည်မို့ ဂျောင်ကု ပြောမိြခင်းပင်။
”အာ..အလုပ်ကိစ္စရှိရင်သွားလေ ယောင်းနေရဲပါတယ်”
”အွင်းအဲ့တာဆို ကိုယ်သွားတော့မယ် ညအိပ်ရင် တံခါးတွေသေချာပိတ်ထား...”
”လူကြီးကပြန်တော့လာမှာမလား”
သူမထင်ရင်မထင်သလို သူ့စိတ်တိုင်းကျ လူကြီးဒါမှမဟုတ် ဂျွန်ဟုခေါ်သည့်ထယ်ယောင်းပင်။ထယ်ယောင်းအမေးကြောင့် ဂျောင်ကု ရင်ထဲနွေးခနဲဖြစ်သွားသည်ကိုတော့ ဝန်ခံရမည်။ အရင်ကဆို ဘယ်သွားသွားဘာလုပ်လုပ် ဘာမှမဖြစ်ပေမဲ့ ယခုမေးဖော်ရသည့် လူရှိတော့ မိမိကိုယ်အရေးပါသလိုခံစားလာရသလိုပင်။
အနဲငယ် တွေးစစ လုပ်ပြီးမှ ဂျောင်ကု ထယ်ယောင်းမျက်နှာလေးလဲကြည့်လျှက် ..”ြပန်လာခဲ့မယ်..အိပ်ရင်သာ တံခါးတွေသေချာပိတ်ဖို့မမေ့စေနဲ့”
”အွင်း...စောစောပြန်ခဲ့”
လှည့်ပြီးသား ခြေလှမ်းတို့ဝါ ထိုစကားတစ်ခွန်းကြောင့်တုန့်ခနဲပင်။ စက္ကန့်ပိုင်းလောက် ရပ်လိုက်ပြီးမှဂျောင်ကု လှညိ့မကြည့်ြဖစ်သလို ဘာမှပြန်မဖြေချင်းလဲမပြုခဲ့ သို့ပေမဲ့ နှုတ်ခမ်းထက်တွဲခိုသွားသည့် အပြုံးတစ်ခုရှိခဲ့ကြောင်းကိုတော့ ဂျောင်ကု ကိုယ်တိုင်ပင် အသိဆုံးြဖစ်ပါလိမ့်မည်။..