unicode
”မင်းကို လီဆယ်ယွန်းနဲ့ လက်ထပ်ပေးမယ်..”
”...”
ရုတ်တရက်ကြီး ပြောစရာရှိသည်ဟု ခေါ်သည်ကြောင့် ထယ်ယောင်း အိပ်ခန်းအတွင်းမှ ထွက်လာပြီး အိမ်ရှေ့ဧည့်ခန်းထဲသို့ ထိုင်သည်နှင့် ပြောလာသည့် Mrs kim။..မထင်မှတ်ထားသည့် စကားအားကြားလိုက်ရသည်မို့ ရုတ်တရက်ရှော့ခ် ရသွားရသည့်အဖြစ်။ နှုတ်မှလဲ အာဆေးမိသလို ဘာမှလဲ မပြောထွက်လာ။
”ဒီနှစ်ပတ်အတွင်း စေ့စပ်ပွဲရော လက်ထပ်ပွဲရောလုပ်မှာမို့ ခုထဲက မင်းကြိုတင်ပြင်ဆင်ထားရမယ်...”
”Mrs...kim ဘာတွေပြောနေတာလဲ...”
မျက်ခုံးတန်းတို့တွန့်ကွေးသွားသည်အထိ ထယ်ယောင်းမျက်မှောင်ကျုံလိုက်သည်။ အလိုမကျသည့်စိတ်နှင့် ထွက်လာသည့် စကားတို့ဟာမှာလဲ အံြသမှုကအထင်းသား။
”သားလေးကြားတဲ့အတိုင်းဘဲလေ ဒေါ်လေးသားကို ဆယ်ယွန်းလေးနဲ့ လက်ထပ်ပေးမယ် ဆယ်ယွန်း ကိုသားလဲသိပါတယ်”
တကယ်တမ်းကြားချင်သည်က ထိုစကားဟုတ်မနေ။ လီဆယ်ယွန်းဆိုသည်က မသိသည့်သူလဲမဟုတ် ဟိုတလော ကျောင်းမပြီးခင်ကမှ မိမိနှင့်လာရောသွားသည့်ကောင်မလေး ဒေါ်လေးနှင့်နှစ်ဖက်မိဘ ရင်းနှီးသည့် အနေထားရှိခဲ့သည်က မှန်ပေမဲ့ အခုလောက်ထိ ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့သည်ကအမှန်ပင်။ အခုချိန်ထိ ဒီစကားဟာ အတည်တကျလား စနောက်သည်လား ထယ်ယောင်းမခွဲခြားတတ်။ ဘယ်လိုပင်ဖြစ်လာပါစေအုံး မိမိလက်ထပ်မည့်သူဟာ ဂျွန် တစ်ယောက်ထဲပင်မို့။..
”စနောက်နေတယ်ဆိုရင် လဲ ယောင်း သွားတော့မယ် Mrs kim”
ရှုပ်ထွေးသည့် စိတ်အစဥ်ကြောင့် ပူလောင်လာသည့်ခံစားချက်နှင့်အတူ ရဲမှည့်လာသည့်မျက်နှာဟာ မကြာခင်ရွာတော့မည့်မိုး တိမ်တိုက်များလို အပျက်ပျက်အယွင်းယွင်းနှင့်။..”လူကြီးစကားပြောနေတာ ထယ်ယောင်း ဒေါ်လေးစကားထဲမှာ စနောက်နေတာ တစ်ခုမှ မပါဘူး သေချာပေါက်မင်းနဲ့လီဆယ်ယွန်းကိုလက်ထပ်ပေးမှာ”
ေကျာခိုင်းပြီးကာမှ ကြားလိုက်သည့် စကားတို့ကြောင့် ခြေလှမ်းတို့ဟာ တုန့်ခနဲ။..
YOU ARE READING
JEON AND JEON'S HONEY (Completed)
Fanfictionကလေးက ကျွန်တေျာ့ဘဝရဲ့ တိမ်ဆိုင်လေး jjk+kth