part-11

3.2K 248 6
                                    

unicode

မရောက်တာ အနဲငယ်ကြာပြီဖြစ်သည့် ဂျွန့် အိမ်ထဲသို့ ခြေတစ်လှမ်းဝင်လိုက်သည့်အခါ အရာအားလုံးဟာ နှင့် တွေ့မြင်သမျှတို့ဟာ စိတ်ထဲ ချိုမြိန်မှုအား ပေးစွမ်းနေသလိုလို။
ထိုင်နေကြ ဆိုဖာပေါ်သို့ ဆွေ့ခနဲကောက်ထိုင်လိုက်တော့ သူ့မူပိုင်အပြုံးကြီးဖြင့် ပါးချိုင့်ရေးရေးပေါ်လာသည်အထိ ပြုံးပြလာသည့်ဂျွန်။
တကယ်တမ်း ကျောင်းမှ ပြန်လာပြီး ဘယ်မှမသွားဖြစ်ဘဲ ဂျွန့်အိမ်မှာ တန်းလာခဲ့ကြသည်ကလဲ ဂျွန်ပြုတ်ကျွေးသည့် ခေါက်ဆွဲပြုတ်စားချင်ပါသည်ဟု အတင်းပူဆာသည့် ထယ်ယောင်းကြောင့်ပင်။

”ကလေး လုပ်ချင်ရာလုပ်နေနော် ကိုယ်ကလေးစားဖို့ ခေါက်ဆွဲသွားပြုတ်ပေးမယ် ဒါမှမဟုတ်လဲ ဇာတ်ကားကြည့်ချင်လဲကြည့်”

”အွင်း..”

မိမိအား ခေါင်းအသာလေးဖွရင်း ပြောလာသည့် ဂျွန် စကားကား ထယ်ယောင်းခေါင်းငြိမ့်လိုက်သည်။

ပျင်းပျင်းရှိသည်မို့ tv မှလာသည့် ဇာတ်ကားအားကြည့်ပြန်တော့လဲ အာရုံကမလာ။ မီးဖိုဆောင်ဖက်မှ တစ်စွန်းတစမြင်နေရသည့် ဂျွန့်အား မြင်သာသည်အထိ လှည့်ရင်း ဆိုဖာအား လက်ထောက်ကာ အပီအပြင်ငေးစိုက်ကြည့်နေလိုက်သည်။
လက်ရှည်အကျီ ်အား ခေါက်တင်ထားသည်မို့ မြင်ရသည့် တက်တူးတို့ဟာလဲ ဂျွန်နှင့်သိပ်လိုက်ဖက်လွန်းသည်။ ဖြီးတင်ထားသည့် ဆံပင်က မိမိုက်နေသလို ဖြူလွန်းသည့်အသားရေနှင့် ခပ်ဖူးဖူးနှုတ်ခမ်းပါးလေးကြောင့် ဘေးတိုက်ကြည့်နေရုံနှင့်တင် ဂျွန်ဟာ သိပ်ပြီးကို ပြည့်စုံလွန်းသည်။...

”…ငါ့လူကြီးက ချောလိုက်တာ...”
ဖြစ်တည်လာသည့် အပြုံးနှင့်အတူ ငေးစိုက်ကြာ့်ရင်း ထယ်ယောင်း ရေရွတ်လိုက်သည်။

အငွေ့ထောင်းထောင်းနှင့် ယူလာသည့် ခေါက်ဆွဲပန်းကန်အား ထယ်ယောင်း အရှေ့စားပွဲ၌ချလိုက်သည်အထိ ထယ်ယောင်းအကြည့်တို့ဟာ ဂျောင်ကု ထံမှမခွာသေး။..

”ရပါပြီခင်ဗျာ..”

မိမိအား ငေးစိုက်ကြည့်နေသည့် ထယ်ယောင်းခေါင်းကလေးအား ဂျောင်ကု အသာယာလေး ပွတ်လိုက်တော့ ပြုံးလာသည့် ထိုကလေး။..

JEON  AND JEON'S  HONEY (Completed)Where stories live. Discover now